ချွေးပေါက်ပိတ်ရင် ဆားဝက်ခြံတွေ ထွက်လာပါလိမ့်မယ်။
 

ကျန်းမာဖို့၊ ခန္ဓာကိုယ်အချိုးအစား လှပဖို့ စတဲ့ ခေါင်းစဉ်အမျိုးမျိုးနဲ့ Gym ကို သွားပြီး အားကစားလုပ်ကြပါတယ်။ လှလှပပ ဖြစ်ချင်သူတွေပီပီ မိတ်ကပ်လေးလိမ်းပြီး အားကစားလုပ်ဖို့တော့ မစဉ်းစားလိုက်ပါနဲ့။ ချွေးထွက်လာတဲ့အခါ လိမ်းထားတဲ့မိတ်ကပ်တွေက ကိုယ့်ကို မလှစေတော့ဘဲ ရုပ်ဆိုးသွားစေပါတယ်။

၁။ ချွေးပေါက်ပိတ်စေ

လေ့ကျင့်ခန်းလုပ်တဲ့အခါ ခန္ဓာကိုယ်က ပူလာပါတယ်။ အရေပြားက ပိုမိုပူနွေးလာပြီး ချွေးတွေထွက်ရမယ့်အစား မိတ်ကပ်တွေက ပိတ်ထားလိုက်တော့ ချွေးပေါက်တွေကို ပိတ်သွားစေပါတယ်။ ချွေးပေါက်ပိတ်ရင် ဆားဝက်ခြံတွေ ထွက်လာပါလိမ့်မယ်။

သင်နှစ်သက်နိုင်မည့်ဆောင်းပါး --->

 

၂။ ဝက်ခြံတွေပိုဆိုးစေ

ဝက်ခြံတွေရှိနေတာကို ဖုံးကွယ်ချင်လို့ မိတ်ကပ်လိမ်းပြီး အားကစားလုပ်တာ သိပ်ဆိုးရွားတဲ့ အတွေးအခေါ်ပါ။ ချွေးပေါက်ပိတ်နေရင် ဝက်ခြံတွေ ပိုဆိုးလာဖို့ပဲရှိပါတယ်။

၃။ အသားအရေခြောက်သွေ့

အသားအရေ ခြောက်သွေ့သူတွေဟာ မိတ်ကပ်လိမ်းပြီး လေ့ကျင့်ခန်းမလုပ်သင့်ပါဘူး။ ချွေးမှာပါဝင်တဲ့ pH က မိတ်ကပ်တွေနဲ့ထိတွေ့တဲ့အခါ ယားယံမှုကိုဖြစ်စေပါတယ်။

 

၄။ အရေပြားကိုဒုက္ခပေး

မိတ်ကပ်အလွှာကြီးက အရေပြားရဲ့ လုပ်ငန်းဆောင်တာတွေကို ဖုံးထားလိုက်တဲ့အခါ အရေပြားအတွက် ကောင်းကျိုးမဖြစ်တော့ပါဘူး။ လေ့ကျင့်ခန်းလုပ်ရင် ခန္ဓာကိုယ်က ပူလာမယ်၊ အရေပြားက ချွေးထွက်လာမယ်။ ဒါက သဘာဝဖြစ်စဉ်ပါ။ ဒါကို မိတ်ကပ်တွေက ဖုံးအုပ်တားဆီးထားလိုက်ပါတယ်။ ချွေးဆိုတာမျိုးက အရေပြားပေါ်ကနေ စိမ့်ထွက်လာပြီးရင် အလိုလိုခြောက်ပြီးအငွေ့ပြန်သွားရောလေ။ မိတ်ကပ်တွေနဲ့ဆိုတော့ ထွက်ပြီးတဲ့ချွေးက ဘယ်လိုအငွေ့ပြန်မလဲမသိတော့ပါဘူး။ မိတ်ကပ်တွေအောက်မှာ ချွေးတွေပိတ်မိနေပြီး အသားအရေက စိုပြေမှုမရှိတော့ဘဲ ညစ်နွမ်းလာပါလိမ့်မယ်။

Source : Metro

 

Share

Loading Next Article...
က္က