ရုံးမှာ တစ်နေကုန် အလုပ်တွေပင်ပန်းလာလို့ အိမ်ပြန်ရောက်တဲ့အခါ ကိုယ့်ကို ထွေးပွေ့ပေးထားမယ့်လူ တစ်ယောက်လောက်ရှိတယ်ဆိုရင် သိပ်ကောင်းမှာပဲနော်။ ဒါကြောင့်လည်း တချို့တွေက မွှေးပွအရုပ် အကြီးကြီးတွေကို ဝယ်ထားကြတာ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ အရုပ်တွေက ကိုယ့်ကို ပြန်ဖက်ထားမှာတော့ မဟုတ်ပါဘူး။
Free Hug Sofa အမည်နဲ့ ထွက်လာတဲ့ ထိုင်ခုံတွေကတော့ ဒီခံစားချက်ကို ကောင်းကောင်းကြီး ဖြည့်ဆည်းပေးပါလိမ့်မယ်။ သာမာန်ဆိုဖာထိုင်ခုံလည်းမဟုတ် မွှေးပွအရုပ်ထက်လည်း ပိုတဲ့ လုပ်ဆောင်ချက်တွေကို ပေးနိုင်မှာပါ။ နူးညံ့တဲ့ အထိအတွေ့နဲ့ ကိုယ့်ကိုယ်ပွေ့ထားပေးမှာ ဖြစ်ပါတယ်။
ဆိုဖာထိုင်ခုံကို မွှေးပွအရုပ်နဲ့ခပ်ဆင်ဆင် ပြုလုပ်ထားပြီး လက်နှစ်ဖက် ထည့်သွင်းထားတဲ့ ချစ်စရာဒီဇိုင်းက ကိုရီးယားဒီဇိုင်နာ လီအွန်ကျောင်းရဲ့ လက်ရာပါ။ ဒီခုံက မိခင်တစ်ယောက်လို၊ သူငယ်ချင်းလို၊ ချစ်သူလို နွေးထွေးနူးညံ့မှုကို ခံစားရစေမယ်လို့ အွန်ကျောင်းက ဆိုပါတယ်။
Source : Stylist