အလှအပအတွက် မဟုတ်ဘဲ အရေပြားဆိုင်ရာကျန်းမာရေးအတွက် ဒါတွေကို မှတ်သားထားလိုက်ပါ။
 

အရေပြားဟာ အရေးမပါသယောင်နဲ့ အရေးပါတဲ့အရာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်တွင်းက အစိတ်အပိုင်းတွေ ကျန်းမာဖို့တင် အရေးကြီးတာမဟုတ်ပါဘူး။ အရေပြားကိုလည်း ကျန်းမာနေအောင် ထားသင့်ပါတယ်။ အရေပြားပေါ်မှာ ဖြစ်နေတဲ့ ဒီပြဿနာသေးသေးမွှားမွှားလေးတွေက ကြီးကြီးမားမား ဖြစ်သွားနိုင်တာမို့ မပေါ့ဆသင့်ပါဘူး။

 

၁။ ဘယ်တော့မှမပျောက်တဲ့ နှုတ်ခမ်းအဖတ်ကွာတာ

နှုတ်ခမ်းသားတွေက အဖတ်တွေကွာတာမျိုး ကြုံဖူးမှာပါ။ နေလောင်ဒဏ်ကြောင့်၊ ခန္ဓာကိုယ်တွင်းမှာ ရေဓာတ်ခမ်းတာကြောင့် ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်တာဟာ ရက်ပိုင်းအတွင်းမှာ ပျောက်သွားတတ်တာမျိုးပါ။ ဒါပေမဲ့ ၁ လ၊ ၂ လ ကြာသည့်တိုင်အောင် မပျောက်နိုင်ဘူးဆိုရင်တော့ အရေပြားဆရာဝန်နဲ့ ပြကြည့်ပါ။ အရေပြားရဲ့ကျန်းမာရေးကို စစ်ဆေးမှု ပြုလုပ်သင့်ပါပြီ။

 

၂။ နေရာကွက်ပြီးခြောက်သွေ့ယားယံမှု

ခန္ဓာကိုယ်ပေါ်က နေရာတစ်နေရာတည်းကွက်ပြီး ခြောက်သွေ့ယားယံနေတာ ဘာလိမ်းလိမ်း မပျောက်ဘူး။ အသားပပ်သလို အက်ကွဲနေတာက ဆေးတွေလူးနေတာ တစ်လကျော်သွားတာတောင် မပျောက်သေးဘူးဆိုရင်တော့ တော်ရုံအရေပြားခြောက်သွေ့မှု မဟုတ်တော့တာ သေချာပါတယ်။ အရေပြားကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာတစ်ရပ် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဆရာဝန်ဆီရောက်မှ သေသေချာချာ သိရမှာပါ။ နိုက်ထရိုဂျင်အရည်ကို လိမ်းဖို့ ညွှန်ကြားပါလိမ့်မယ်။ ယင်းအရည်က ပိုးဝင်နေတဲ့အရေပြားဆဲလ်တွေကို သေစေခြင်းဖြင့် နေရာကွက်ပြီး အသားအရေခြောက်သွေ့ယားယံတာကို ပျောက်ကင်းစေနိုင်ပါတယ်။

 

၃။ ခြေသည်းလက်သည်းအောက်က အမည်းကွက်

ခြေထောက်ပေါ်ကို လေးလံတဲ့အရာတစ်ခုခု ပြုတ်ကျသွားတဲ့အခါ ခြေသည်းမှာ အမည်းကွက်လေးတွေ ဖြစ်သွားတာမျိုး ကြုံဖူးမှာပါ။ ဒါမှမဟုတ် တစ်ခုခုနဲ့ညပ်မိသွားရင်လည်း ဖြစ်တတ်ပါတယ်။ ပျောက်ဖို့လည်း ကြာပါတယ်။ သတိထားရမှာတစ်ခုက ဖြစ်တဲ့နေရာအပြင် ဘေးဘက်တွေမှာပါ အညို သို့မဟုတ် ခရမ်းရောင်အကွက်တွေ ဖြစ်လာတာကိုပါ။ ပြုတ်ကျ/ ညပ်မိတာမဟုတ်ဘဲ အလိုလို ဖြစ်လာတယ်ဆိုရင်တော့ အရေပြားဆရာဝန်ဆီ သွားပြသင့်ပါတယ်။ Melanoma လို့ ခေါ်တဲ့ အရေပြားပြဿနာတစ်မျိုး ဖြစ်နိုင်လို့ပါပဲ။

Source : Prevention

Share

Loading Next Article...
က္က