လူတွေနဲ့ အယဉ်ဆုံး တိရစ္ဆာန်ကတော့ ခွေး၊ ကြောင်တို့ ဖြစ်ပါလိမ့်မယ်။ အိမ်မှာလည်း မွေးမြူထားကြတာဆိုတော့ ရုပ်ရှင်ရိုက်တဲ့အခါ ထည့်သုံးလို့ လွယ်တယ်လေ။ တခြားတိရစ္တာန်လေးတွေကိုလည်း ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ထည့်သွင်းအသုံးပြုရာမှာတော့ ဒီသတ္တဝါလေးတွေက ပေါ်ပြူလာအဖြစ်ဆုံးပါတဲ့။
၁။ ခင်္သြေ့
The Lion King ကာတွန်းထဲက မူဆာဖာနဲ့ ဆင်းဘားတို့ကို မသိဘူးဆိုရင် သင်က ကျောက်ခေတ်လူသားများလားပဲ။ အရမ်းအောင်မြင်ခဲ့တဲ့ ကာတွန်းလေးက ခင်္သြေ့သားအဖနှစ်ယောက်အကြောင်းကို ဦးတည်ရိုက်ကူးထားတာဖြစ်ပြီး ကလေးတွေရဲ့ အသည်းအိမ်ကို သိမ်းပိုက်ခဲ့ပါတယ်။ လူကြီးတွေကလည်း နှစ်သက်ကြတဲ့ ဇာတ်လမ်းကောင်းလေးပေါ့။
၂။ ပင်ဂွင်း
ချစ်စရာသွင်ပြင်နဲ့ ရေခဲပြင်ဒေသက ပင်ဂွင်းလေးတွေကိုလည်း ကာတွန်းဇာတ်ကောင်အဖြစ်နဲ့ မကြာခဏ မြင်ရလေ့ရှိပါတယ်။ Madagascar ဇာတ်လမ်းတွေနဲ့ Happy Feet ကာတွန်းကတော့ နာမည်အကျော်ဆုံး ဖြစ်ပါတယ်။
၃။ ဂေါ်ရီလာမျောက်ဝံ
အသိဉာဏ်မြင့်တဲ့ ဂေါ်ရီလာမျောက်ဝံတွေကိုလည်း ရုပ်ရှင်ကားတွေမှာ မြင်ရလေ့ရှိပါတယ်။ အနီးစပ်ဆုံးဇာတ်ကားတစ်ခုကို ပြောပါဆိုရင် Planet of the Apes ဇာတ်လမ်းပါ။ ဒီဇာတ်လမ်းမှာဆိုလည်း ဆီဇာဟာ အသိဉာဏ်စွမ်းရည် မြင့့်မားတဲ့ ဂေါ်ရီလာမျောက်ဝံဖြစ်ပါတယ်။ ဒါတင်မက အခြားဇာတ်လမ်းတွေလည်း အများကြီးပါပဲ။
၄။ ရှဉ့်ဝတုတ်လေးတွေ
Chipmunk ဆိုတဲ့ ရှဉ့်လေးတွေက ကျောမှာ အဖြူစင်းလေးပါပြီး အမွှေးဖွားဖွားလေးနဲ့ တအားကို ချစ်စရာကောင်းတဲ့ သတ္တဝါလေးတွေပါ။ မြောက်အမေရိကမှာ အတွေ့များပါတယ်။ ဇာတ်လမ်းအဖြစ်နဲ့ နာမည်ကျော်တာကတော့ Alvin and Chipmunks ပါ။ ရှဉ့်သံလေးနဲ့ သီချင်းတွေကလည်း လူကြိုက်များပါတယ်။
၅။ ဆင်
ဒစ္စနေရဲ့ နာမည်ကျော် ဆင်ဇာတ်ကောင်လေးကို မှတ်မိရဲ့လား။ Dumbo ဆိုတဲ့ ဆင်ပျံလေးလေ။ နားရွက်ကားကားကြီးတွေနဲ့ သိပ်ကို ချစ်စရာကောင်းတာပါ။ တခြားဇာတ်လမ်းနဲ့ ရုပ်ရှင်တွေမှာဆိုလည်း ဆင်တွေကို မကြာခဏ ထည့်သွင်းရိုက်ကူးလေ့ရှိပါတယ်။
Source : Animal Planet