သုတေသီတွေက ကိုယ်ဝန်ဆောင်အမျိုးသမီး ၂,၅၀၀ ကျော်ကို ၁၀ နှစ်ကြာ သုတေသနပြု လေ့လာခဲ့ကြပါတယ်။


ကိုယ်ဝန်ဆောင်များ ငါးကြီးဆီ စားသုံးမှုက မွေးကင်းစကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို အကျိုးမပြုနိုင်ကြောင်း သုတေသနအသစ်က တွေ့ရှိခဲ့ပါတယ်။ ငါးကြီးဆီကို ကိုယ်ဝန်ဆောင်တွေအတွက် ဖြည့်စွက်အားဆေးအဖြစ် သိမှတ်ထားခဲ့ကြပေမဲ့ ၁၀ နှစ်ကြာ ပြုလုပ်ခဲ့တဲ့ သုတေသနရလဒ်အရ မွေးကင်းစကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ ဉာဏ်ရည်ဉာဏ်စွမ်းကို တိုးတက်စေဖို့ အထောက်အကူမပြုဘူးလို့ သိရပါတယ်။ သြစတြေးလျ သုတေသီတွေက ကိုယ်ဝန်ဆောင်အမျိုးသမီး ၂,၅၀၀ ကျော်ကို ၁၀ နှစ်ကြာ သုတေသနပြု လေ့လာခဲ့ကြပြီး ယခုရလဒ်ကို ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။


"ကိုယ်ဝန်ဆောင် အမျိုးသမီးဟာ ကျန်းမာမယ်၊ အစားအစာ သင့်တင်မျှတစွာ စားမယ်ဆိုရင် ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုက ကောင်းနေမှာပါပဲ၊ ဒါက ငါးကြီးဆီစားလို့ ကောင်းတာမဟုတ်ပါဘူး" လို့ သုတေသနပြုလုပ်ခဲ့တဲ့ ဒေါက်တာ ဂျက်ကွီလိုင်းဂူးလ်က ပြောပါတယ်။ ယခု သုတေသနကို South Australian Health and Medical Research Institute က ပြုလုပ်ခဲ့တာဖြစ်ပြီး အမျိုးသမီးတွေကို ကိုယ်ဝန်ဆောင်ချိန်မှစပြီး ၎င်းတို့ မွေးဖွားလိုက်တဲ့ ကလေးများ အသက် ၇ နှစ်အရွယ်အထိ စောင့်ကြည့်လေ့လာခဲ့ပါတယ်။

သုတေသီတွေရဲ့ တွေ့ရှိချက်အရ ၈၀၀ မီလီဂရမ် ပမာဏရှိတဲ့ Docosahexaenoic Acid (DHA) ခေါ် Omega-3 Acid ဟာ မွေးကင်းစကလေးတွေရဲ့ ဉာဏ်ရည်ဉာဏ်စွမ်းကို သက်ရောက်မှုမရှိကြောင်း သိရပါတယ်။ ဈေးကွက်မှာ ရောင်းချနေတဲ့ ငါးကြီးဆီ ထုတ်လုပ်သူတွေက ငါကြီးဆီဟာ မွေးကင်းစကလေးငယ်တွေ ဖွံ့ဖြိုးမှုကို မြှင့်တင်ပေးတယ်လို့ ညွှန်းဆိုနေကြကြောင်း ဒေါက်တာ ဂျက်ကွီလိုင်းက ဆိုပါတယ်။

သြစတြေးလျ သုတေသီတွေရဲ့ တွေ့ရှိချက်ကို American Medical Association ဂျာနယ်မှာ ဖော်ပြထားပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ငါးကြီးဆီ စားသုံးခြင်းက မွေးကင်းစကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုကို သက်ရောက်မှုမရှိပေမဲ့လည်း လမစေ့မီ ကလေးမွေးဖွားခြင်းကို လျော့ကျစေနိုင်ကြောင်း ဒေါက်တာ ဂျက်ကွီလိုင်းက ပြောပါတယ်။ ငါးကြီးဆီနဲ့ ကိုယ်ဝန်ဆောင်ချိန်ကာလ ဆက်နွယ်မှုကိုတော့ နောက်ထပ် ပိုမိုကျယ်ပြန့်တဲ့ သုတေသန လုပ်ဆောင်သွားရန် လိုအပ်နေသေးကြောင်းလည်း သိရပါတယ်။

Source & Photo: BBC

Share

Loading Next Article...
က္က