အသား၊ ငါးတွေ မစားဘဲ နို့နဲ့အသီးအရွက်တွေကိုသာ စားသုံးသူတွေ ရှိပါတယ်။ သတ်သတ်လွတ်စားခြင်းကို အချို့က ယုံကြည်ကိုးကွယ်မှုနဲ့ ဆက်နွှယ်ပြီး စားကြပါတယ်။ အနောက်နိုင်ငံတွေမှာတော့ ကျန်းမာရေးအယူအဆနဲ့ ကောင်းကျိုးများတယ်လို့ လက်ခံပြီး တချို့ကတော့ သူများစားလို့ လိုက်စားတာမျိုး၊ ဖက်ရှင်တစ်ခုလိုမျိုးအနေနဲ့ အသား၊ငါး ရှောင်စားကြတာပါ။ သားငါးရှောင်ပြီး အသီးရွက်ကိုသာ စားသုံးလာကြသူတွေဟာ ကမ္ဘာတစ်ဝန်းမှာ ပိုမိုများပြားလာပါတယ်။ ဒီလိုမျိုး အစားရှောင်စားခြင်းက ကောင်းကျိုးတွေလည်း ရှိသလို ဆိုးကျိုးတွေလည်း ရှိတယ်ဆိုတာတော့ သင်သိမှာပါ။
ကောင်းကျိုးတွေက ဘာတွေလဲ
ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေက ခန္ဓာကိုယ်အတွက် ပုံစံအမျိုးမျိုးနဲ့ ကောင်းကျိုးပေးပါတယ်။ ကိုလက်စထရောပမာဏကို လျော့ကျစေတယ်၊ သွေးဖိအားမှန်စေတယ်။ အမျှင်ဓာတ်၊ ဖောလစ်အက်ဆစ်နဲ့ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ သက်စောင့်ဓာတ် ဗီတာမင်တွေပါဝင်လို့ ကောင်းကျိုးဖြစ်စေပါတယ်။ ဝိတ်ချနေသူတွေအနေနဲ့ အမျှင်ဓာတ်များများပါတဲ့ အသီးအရွက်တွေကို စားပေးသင့်ပါတယ်။ သက်သက်လွတ်စားရာမှာ ပုံစံအမျိုးမျိုးတော့ ကွဲပါတယ်။ အသားမစားဘဲ နို့နဲ့နို့ထွက်ပစ္စည်း၊ ဥအမျိုးမျိုးကိုတော့ စားကြတာလည်း ရှိပါတယ်။ ဒါပေမဲ့ အသားနဲ့ နို့ထွက်ပစ္စည်းက အာဟာရခြင်း မတူပါဘူး။ တချို့ကတော့ တိရစ္ဆာန်ကထွက်တဲ့ အရာမှန်သမျှကို ရှောင်ကြတာမျိုးဖြစ်ပါတယ်။
ဆိုးကျိုးတွေလည်း ရှိလေရဲ့
အောက်စ်ဖို့ဒ်တက္ကသိုလ်က သုတေသနပညာရှင်တွေဟာ အသားမစားခြင်းနဲ့ ကျန်းမာရေးရလဒ် ဆက်နွှယ်မှုနေမှုအပေါ် နှစ်ဝက်ကြာ လေ့လာခဲ့ကြပါတယ်။ အသားငါးမစားတဲ့လူတွေဟာ အစပိုင်းမှာတော့ ကောင်းသလိုရှိပေမဲ့ နောက်ပိုင်းမှာ ကျန်းမာရေးပြဿနာတွေ ရှိလာတာကို တွေ့ခဲ့ရပါတယ်။ အသီးအရွက်တွေကိုချည်း စားသုံးတဲ့လူရဲ့ ဦးနှောက်အရွယ်အစားဟာ အသက်ကြီးလာတဲ့အခါ ကျုံ့သွားပါတယ်။ အသား၊ ငါး၊ နို့တို့ဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေကို ပေးစွမ်းပါတယ်။ တိရစ္တာန်ကနေ ရရှိတဲ့ အသား(အထူးသဖြင့်အသည်း)ဟာ ဗီတာမင် B12 လုံလောက်စွာ ရရှိစေပါတယ်။ ဗီတာမင် B12 မလုံလောက်တဲ့အခါ သွေးအားနည်းရောဂါနဲ့ အာရုံကြောစနစ်မူမမှန်တာတွေ ဖြစ်နိုင်တယ်လို့ သိရပါတယ်။
Source : Azer News