အသားဓာတ်ကို အသား၊ငါး၊နို့နဲ့ ပဲအမျိုးမျိုးတို့ကနေ ရနိုင်ပါတယ်။
 

အသားဓာတ် (ပရိုတိန်းဓာတ်)ဟာ လူတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုး ဖြစ်ပါတယ်။ ဗိုက်ပြည့်စေပြီး အားလည်းရှိနေစေတဲ့ အာဟာရတစ်မျိုးပါ။ ကြွက်သားတွေကို အထောက်အကူဖြစ်စေတာမို့ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုဖြစ်စဉ်မှာ အရေးပါပါတယ်။

 

ဝိတ်ချနေသူတွေအနေနဲ့ အသားဓာတ်ကို မျှတအောင်စားသုံးပြီး ဝိတ်တက်စေမယ့်ကစီဓာတ်ကို ရှောင်မယ်ဆို မြန်မြန်ဆန်ဆန်နဲ့ ဝိတ်ကျမှာပါ။ အာဟာရလည်းပြည့်ဝနေမှာဖြစ်တာကြောင့် ကျန်းမာရေးလည်း မထိခိုက်ပါဘူး။ ဒါကြောင့်မို့လို့ အမေရိကန်ပြည်ထောင်စုရှိ ကျန်းမာရေးနဲ့ အာဟာရပညာရှင်တွေက ဝိတ်ချနေသူတွေ နေ့စဉ်စားသုံးဖို့လိုအပ်တဲ့ အသားဓာတ်ပမာဏကို ထုတ်ဖော်တွက်ချက်ပြခဲ့ပါတယ်။

 

ဝိတ်ချနေတဲ့ အမျိုးသမီးတစ်ဦးဟာ ပျမ်းမျှအားဖြင့်တော့ အနည်းဆုံး အသား ၄၆ ဂရမ် စားသုံးပါတယ်။ ဒါက အနည်းဆုံး မစားမဖြစ် စားပေးရမယ့် ပမာဏပါ။ အမျိုးသမီးအများစုကတော့ အသားဓာတ် ၇၀ ဂရမ်လောက် လိုအပ်တယ်လို့ ဆိုပါတယ်။ လက်ဖဝါးအရွယ်ခန့် အသားပြား (သို့မဟုတ်) ငါးမှာတော့ အသားဓာတ် ၃၀ ဂရမ်လောက် ပါဝင်ပါတယ်။

Source : Women Health

Share

Loading Next Article...
က္က