စီးပွားရေးဘာသာရပ်ကို စိတ်ပါဝင်စားသူတွေအတွက် Auston Institute of Management မှာ တက်ရောက်ပြီး London South Bank University မှပေးအပ်တဲ့ BSc Business Management (Top Up) ဒီဂရီရယူနိုင်မှာဖြစ်ပါတယ်။ ကျောင်းဝင်ခွင့်အတွက် တစ်ဦးချင်း ဆွေးနွေးပေးမယ့် အစီအစဉ်ကိုတော့ STUDY ABROAD က မတ်လ (၃၀) ရက်နေ့မှာ ပြုလုပ်ပေးသွားမယ်လို့ သိရပါတယ်။
London South Bank University ကို ၁၈၉၂ ခုနှစ်မှာ တည်ထောင်ခဲ့တာဖြစ်ပြီး Guardian University Guide 2013 အရ စီးပွားရေးစီမံခန့်ခွဲမူ ဘာသာရပ်နယ်ပယ်မှာ အဆင့် (၉၉) အဖြစ်သက်မှတ် ခံထားရတာ ဖြစ်ပါတယ်။ နိုင်ငံပေါင်း ၁၃၀ ကျော်မှ ကျောင်းသားကျောင်းသူပေါင်း ၂၅,၀၀၀ ကျော် တက်ရောက်လျက်ရှိတာလည်း ဖြစ်ပါတယ်။
Sunday Times University Guide 2013 အရ ကျောင်းပြီး လုပ်ခလစာ အထူးကောင်းမွန်တဲ့ ယူကေထိပ်တန်းတက္ကသိုလ် (၂၀) ထဲမှာ ပါဝင်တယ်လို့လည်း သိရပါတယ်။
(သင်စိတ်ဝင်စားနိုင်တဲ့ သတင်း -စားပြီးရင် အိပ်ငိုက်လာစေတဲ့ အစားအစာ (၅) မျိုး )
ကျောင်းသူကျောင်းသားတွေအနေနဲ့ Research Methods for Business Students ၊Business Analysis and the Management of Change ၊ Business Risk Management စတဲ့ Modules တွေကို သင်ကြားနိုင်မှာ ဖြစ်ပါတယ်။ Lectures, Presentations, Tutorial, Laboratory based ပုံစံတွေနဲ့ သင်ကြားရမှာဖြစ်ပြီး နောက်ဆုံး Semester မှာ Dissertation လုပ်ဆောင်ရမှာဖြစ်ပါတယ်။
ဝင်ခွင့်လိုအပ်ချက်တွေအနေနဲ့ မြန်မာနိုင်ငံမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူတွေ၊ IGCSE ရရှိထားသူတွေ လျှောက်ထားနိုင်မှာဖြစ်ပြီး ဘွဲ့ရရှိထားတဲ့ ကျောင်းသူ၊ ကျောင်းသားတွေလည်း တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ အင်္ဂလိပ်စာဝင်ခွင့် လိုအပ်ချက်အနေနဲ့ IELTS (5.5) ရှိဖို့ လိုအပ်တာလည်း ဖြစ်ပါတယ်။ ABE Certificate ၊ Diploma နဲ့ Advanced Diploma ပြီးဆုံးထားသူတွေဟာ (၁) နှစ်သာ တက်ရောက်ရမှာ ဖြစ်ပါတယ်။
အသေးစိတ် သိရှိလိုသူတွေအနေနဲ့ STUDY ABROAD Information Centre ၊ ဒိုင်းမွန်းကွန်ဒို ၊ တိုက်(ဘီ) ၊ (၁၅)လွှာ ၊ အခန်းနံပါတ် (၁၅-၀၂) ၊ (မေတ္တာဦးမျက်စိဆေးခန်း အနီး) ၊ ပြည်လမ်း ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့၊ ဖုန်းနံပါတ် ၀၉-၅၁၅၁၀၀၈ ၊ ၀၉-၇၃၂၄၂၄၀၄ သို့ ဆက်သွယ် စုံစမ်း ၊ စာရင်းပေးသွင်းနိုင်ပြီ ဖြစ်ပါတယ်။