ယနေ့ခေတ်လူသားတွေဟာ ဖုန်း၊ ကွန်ပျူတာနဲ့ ရုပ်မြင်သံကြားရှေ့မှာ အချိန်ကုန်တာ ပိုများလာပါတယ်။ ဒါကြောင့်မို့လို့ အသက် ၂၀ ဝန်းကျင်မှာ အနည်းဆုံး တစ်နှစ်ကိုတစ်ကြိမ် မျက်စိစစ်ဆေးသင့်ပါတယ်။ အသက် ၃၀ ဝန်းကျင်မှာဆိုရင်တော့ မျက်လုံးကျန်းမာရေးအတွက် အနည်းဆုံး တစ်နှစ်နှစ်ကြိမ် ဆရာဝန်ထံမှာ စစ်ဆေးမှု ခံံယူရပါမယ်။ သင့်ရဲ့မျက်လုံးတွေက သင့်ရဲ့ကျန်းမာရေးကိုလည်း ပြောပြနေပါသေးတယ်။
၁။ ခေါင်းကိုက်မယ်၊ မူးဝေမယ်။ ဒါတင်မက အမြင်ဝေဝါးတာမျိုးတွေက ဦးနှောက်အကျိတ်တည်ခြင်းရဲ့ လက္ခဏာတွေဖြစ်ပါတယ်။
၂။ ဆီးချိုရှိနေရင်လည်း မျက်လုံးအမြင်ဝါးတာနဲ့ အရောင်တွေ မပြတ်သားတော့တာတွေ ဖြစ်တတ်ပါတယ်။
၃။ မျက်စိအမြင်ဝေဝါးခြင်း၊ လှုပ်ခါနေခြင်းတွေဟာ ခန္ဓာကိုယ်တွင်းက ဇီဝဖြစ်စဉ်အစုစုမှာ တစ်ခုခု ချို့ယွင်းနေခြင်းနဲ့လည်း ဆက်စပ်နေပါတယ်။ အထူးသဖြင့် အသည်း၊ ကျောက်ကပ်နဲ့ သရက်ရွက်တို့မှာ ပုံမှန်မဟုတ်တဲ့ ပြဿနာတွေ ရှိနေနိုင်ပါတယ်။
၄။ ခန္ဓာကိုယ်အတွက် လုံလောက်တဲ့ ဗီတာမင် A ပြည့်ဝစွာ မရရှိဘူးဆိုရင်လည်း မျက်လုံးရဲ့ အပေါ်ယံမျက်နှာပြင်က ကြည်လင်မှုမရှိပါဘူူး။ ညဘက်တွေမှာ ကြည့်ရတာ အဆင်မပြေဘူးဆို ဆရာဝန်ကိုပြကြည့်ပါ။
၅။ အရေပြားကင်ဆာ ရှိနေသူတွေဟာလည်း မျက်စိအမြင်အာရုံ ချို့ယွင်းလာတတ်ပါတယ်။
Source : Women Health