ထင်ထားတာထက် အများကြီး ပိုသုံးနိုင်ပါတယ်။
 

သူငယ်ချင်းတွေထဲမှာ ပိန်ပိန်လေးတွေပါရင် သွားကြားထိုးတံဆိုပြီး စကြ၊ နောက်ကြတယ်မဟုတ်လား။ သွားကြားထိုးတံကို ဝါးကနေ အဓိကပြုလုပ်ပါတယ်။ တစ်ခါသုံးပြီး လွှင့်ပစ်လိုက်ရတာမို့လို့ ပလတ်စတစ်နဲ့လုပ်ထားတဲ့ သွားကြားထိုးတံတွေကို မသုံးသင့်ပါဘူး။ သွားကြားထဲက ညပ်နေတဲ့ အစာဟောင်းတွေကို ဖယ်ရှားရုံတင်မက တခြားနေရာတွေမှာပါ အသုံးချလို့ရတယ်ဆိုတာ ပြောပြမယ်လေ။

၁။ စာဖတ်နေရင်း တစ်ခုခု လုပ်စရာပေါ်လာလို့ ဖတ်လက်စနေရာကို မှတ်မယ်ဆို စာရွက်ကိုခေါက်ပြီး မမှတ်လိုက်ပါနဲ့။ စာအုပ်ပျက်စီးရပါတယ်။ စာအုပ်ကြားညှပ်တဲ့ (book mark)ကို အသုံးပြုပါ။ ဒါမှမဟုတ်ရင် သွားကြားထိုးတံလေးညှပ်ထားလိုက်လို့ရပါတယ်။

၂။ တိပ်ခွေတွေကိုလည်း အစပြန်ရှာရလွယ်ကူအောင် သွားကြားထိုးတံနဲ့ ညှပ်ပြီး မှတ်ထားလို့ရတယ်လေ။

 

၃။ သံပရာသီး၊ သံပရိုသီးတွေကို တစ်ခြမ်းပဲသုံးပြီး ကျန်တဲ့တစ်ခြမ်းကို သိမ်းမယ်ဆို ဒီနည်းကိုသုံးပါ။ သံပရာသီးကို အလယ်ကနေ ကန့်လန့်ဖြတ် လှီးပြီးသုံးကာ ထိပ်နှစ်ဘက်ကို သွားကြားထိုးတံလေးနဲ့ စိုက်ပြီး တွဲထားပေးမယ်ဆို ကျန်တဲ့တစ်ခြမ်းကလည်း ကြာကြာ အထားခံပါလိမ့်မယ်။

၄။ ပဲပြုတ်တာ၊ ဆန်ပြုတ်တာဆိုရင် အိုးထဲမှာ အမြှုပ်တွေဝေလာပါတယ်။ ဒီလိုမဖြစ်ချင်ဘူးဆိုရင် အိုးကို နည်းနည်းဟပြီး အဖုံးနဲ့အိုးရဲ့ကြားမှာ သွားကြားထိုးတံလေး ခံထားပေးလိုက်မယ်ဆို အမြှုပ်တွေလျှံမလာတော့ပါဘူး။

 

၅။ ချောင်ကြိုချောင်ကြားက ကြေး (ဂျီး)တွေကိုလည်း သွားကြားထိုးတံလေးနဲ့ ဖယ်ရှားနိုင်ပါတယ်။ အိုးတွေ၊ ခွက်တွေရဲ့ ဘောင်မှာ ကပ်နေတဲ့ ကြေးတွေလိုမျိုးပေါ့။

၆။ နားကြပ်တဲ့ဂွမ်းတံ ကုန်သွားပြီဆို သွားကြားထိုးတံထိပ်မှာ ဂွမ်းစလေးလိပ်ပြီး သုံးလို့ရတယ်လေ။ ထိပ်ပိုင်းက ချွန်နေတာဆိုတော့ အချွန်တွေကို ချိုးလိုက်ဖို့တော့ မမေ့ပါနဲ့။

 

၇။ ပန်းအိုးတွေမှာ ရေခမ်းနေလား၊ စိုနေလား ဆိုတာကို သိရဖို့ သွားကြားထိုးတံလေးနဲ့ မြေကြီးထဲ ထိုးစိုက်ပြီး စမ်းကြည့်ပါ။ သွားကြားထိုးတံလေးက စိုမနေဘူးဆိုရင် ပန်းပင်လေးကို ရေလောင်းပေးဖို့ လိုအပ်နေပါပြီ။

Source : Mr Hacker

Share

Loading Next Article...
က္က