လူအချို့မှာ စကားသံ မပီရတဲ့ အဓိကအကြောင်းအရင်းဟာ စကားမြန်မြန်ပြောတာကြောင့် ဖြစ်တတ်ပါတယ်။
 

ဒေါသထွက်တဲ့အခါ၊ စိတ်လှုပ်ရှားတဲ့အခါ စတဲ့အခြေအနေမျိုးတွေမှာ သင်ပြောတဲ့ စကားသံဟာ မပီမသဖြစ်တတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ မပီသတာဟာ ကိစ္စမရှိပေမယ့် ပုံမှန်အခြေအနေမျိုးမှာ သင့်စကားကို တစ်ဖက်လူက အားစိုက်နားထောင်နေရတယ်ဆိုရင်တော့ ပြင်ဆင်သင့်ပါတယ်။ စကားသံမပီသတာဟာ ဖြေရှင်းလို့ ရတဲ့ ပြဿနာမျိုးဖြစ်ပြီး လေ့ကျင့် ပြင်လို့ရပါတယ်။

၁ - မှန်ကြည့်ပြီး ပြင်

မှန်ကြည့်ပြီး စကားပြောကြည့်ပါ။ စကားပြောတဲ့အခါ သင့်ပါးစပ်ဟာ လှုပ်ရှားမှု ထင်ထင်ရှားရှား မရှိဘူးဆိုရင် ပြင်သင့်ပါတယ်။ စကားပြောကိရိယာတွေဖြစ်တဲ့ လျှာ၊ နှုတ်ခမ်း၊ သွား စတာတွေကို သိသိသာသာ ထင်ထင်ရှားရှား သုံးသင့်တာ ဖြစ်ပါတယ်။ စကားပြောကိရိယာတွေကို သိသိသာသာ သုံးပေးမှ သင့်စကားသံတွေက ထင်ရှားမှာ ဖြစ်ပါတယ်။ မှန်ထဲကိုကြည့်ပြီး ဖြည်းဖြည်းချင်းလေ့ကျင့်သင့်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး - အလုပ်ထဲမှာ အွန်လိုင်းသုံးရင်း အချိန်ဆွဲတတ်သူ ဖြစ်မသွားစေဖို့)

 

၂ - လျှာ

စကားပြောတဲ့အခါ လျှာလှုပ်ရှားမှုရှိရမှာ ဖြစ်ပေမယ့် သင့်စကားသံမပီခြင်းဟာ လျှာကို ထိရောက်စွာ မလှုပ်ရှားတာကြောင့် ဖြစ်ပါတယ်။ ဒီ့အတွက် လျှာကို ပါးစပ်ရှေ့ထုတ်ပြီး ပြန်သွင်းတာမျိုးကို လေ့ကျင့်သင့်ပါတယ်။  ပြန်သွင်းတဲ့အခါမှာ အောက်သွားရဲ့အောက်ခြေကို ထိပေးရမှာ ဖြစ်ပါတယ်။

၃ - မတ်မတ်ရပ်

မတ်မတ်ရပ် ခါးကိုဆန့်ထားပြီး အသက်ပြင်းပြင်းရှူသွင်း ရှုထုတ်လုပ်တဲ့ လေ့ကျင့်ခန်းကလည်း စကားသံပီသဖို့အတွက် အထောက်အကူဖြစ်ပါတယ်။ အသက်ဝဝရှုရလေ သင့်စကားသံက ရှင်းလင်းလေ ဖြစ်ပါတယ်။ မျက်နှာကို တည့်တည့်ထားပြီး ပြောတဲ့အခါ လည်ချောင်းကိုဖိထားခြင်းမျိုး မရှိတော့ဘဲ စကားသံ ပိုကြည်လင်စေပါတယ်။ သင့်အရပ်လောက်ရှိတဲ့ လူနဲ့စကားပြောတဲ့အခါ မျက်လုံးတည့်တည့်ကြည့်ခြင်းကနေ မျက်နှာက အောက်ကို စိုက်မသွားအောင် ထိန်းထားလို့ရပါတယ်။

 

၄ - ဖြည်းဖြည်းမှန်မှန်ပြော

လူအချို့မှာ စကားသံ မပီရတဲ့ အဓိကအကြောင်းအရင်းဟာ စကားမြန်မြန်ပြောတာကြောင့် ဖြစ်တတ်ပါတယ်။ မြန်မြန်ပြောတဲ့အခါ စကားတွေက လုံးထွေးသွားတာဖြစ်ပါတယ်။  အကောင်းဆုံးကတော့ စကားကို ဖြည်းဖြည်းချင်းပြောတာဖြစ်ပါတယ်။ အလျင်စလို ပြောမယ့်အစား တစ်ကြောင်းခြင်း ရှင်းလင်းစွာ ပြောသင့်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး - စာပုံမှန်လုပ်တဲ့ အလေ့အကျင့်ရအောင် ဘယ်လိုလုပ်မလဲ)

Photos & Source: wikiHow

Share

Loading Next Article...
က္က