သူ့အတွက် ကိုယ်ပိုင်အချိန် ပေးရပါမယ်။ ကိုယ့်အတွက်လည်း ကိုယ်ဝါသနာပါရာကို လုပ်ဖို့ သီးသန့်အချိန်ပေးထားဖို့ သူ့ကို ပြောထားပါ။
 

ချစ်သူနဲ့ အမြဲတမ်း ပျော်ပျော်ရွှင်ရွှင် အဆင်ပြေပြေ နေနိုင်ဖို့ ရာသက်ပန် လက်တွဲသွားဖို့ ဆိုရင်တော့ ချစ်နေရုံနဲ့ မပြီးဘူးဆိုတာ ပြောနေဖို့တောင် မလိုတော့ပါဘူး။ အပြန်အလှန် နားလည်မှု၊ ကြင်နာမှု၊ ကူညီဖေးမတတ်မှုတွေလည်း လိုအပ်ပါတယ်။ သူနဲ့ကိုယ့်ကြားမှာ ထုံးနှောင်ထားတဲ့ ချစ်ကြိုးလေး ပြေလျော့မသွားဖို့ရာ သူ့ဘက်ကနေ ကိုယ့်ကို ဒါတွေပေးနေသင့်ပါတယ်။

၁။ ရိုးသားမှု

တစ်ယောက်ကိုတစ်ယောက် လိမ်ညာလှည့်ဖြားနေကြတဲ့ ပေါင်းသင်းဆက်ဆံရေးဟာ စိတ်ပျက်စရာကောင်းပါတယ်။ ချစ်သူတွေလေ ၊ ရန်သူတွေမဟုတ်တာမို့လို့ တစ်ယောက်နဲ့တစ်ယောက်ကြား ပွင့်လင်းမြင်သာမှု ရှိထားဖို့ လိုပါတယ်။

When-You-Are-In-A-Good-Relationship.jpg 

၂။ သာယာမှု

အချစ်ကို ဖော်ပြနိုင်တဲ့ သာယာမှု အထိအတွေ့တွေလည်း လိုအပ်ပါတယ်။ ထွေးပွေ့ပေးတာ၊ အနမ်းပေးတာတွေဟာ သံယောဇဉ်ပိုလာစေတာမို့လို့ တစ်ယောက်ကိုတစ်ယောက် ပိုပြီး နားလည်ပေးနိုင်လာပါတယ်။ ချစ်တင်းနှောတာထက် ကြင်နာတဲ့အပြုအမူ ယုယမှုတွေက ပိုပြီး အစွမ်းထက်ပါတယ်။

၃။ ကိုယ်ပိုင်အချိန်

ဘာကိစ္စပဲဖြစ်ဖြစ် ချစ်သူနဲ့ အမြဲတမ်း အတူတကွ လုပ်ဆောင်တာက ကောင်းတယ်လို့ ထင်ရပါတယ်။ တကယ်တမ်းမှာတော့ အဲ့တာက ထင်သလောက် မမှန်ကန်ပါဘူး။ သူ့မှာလည်း ကိုယ်ပိုင်ခံယူချက်၊ ဝါသနာတွေ ရှိသလို ကိုယ့်မှာလည်း ရှိတာပဲ။ သူ့အတွက် ကိုယ်ပိုင်အချိန် ပေးရပါမယ်။ ကိုယ့်အတွက်လည်း ကိုယ်ဝါသနာပါရာကို လုပ်ဖို့ သီးသန့်အချိန်ပေးထားဖို့ သူ့ကို ပြောထားပါ။

၄။ ငွေရေးကြေးရေး

နှစ်ယောက် လျှောက်လည်ဖို့ ချိန်းလိုက်ကြတယ်။ ကိုယ့်မှာက ပိုက်ဆံမရှိဘူး၊ ဒါပေမဲ့ သူ့မှာတော့ ရှိလိမ့်မယ်အထင်နဲ့ ဆိုင်ကောင်းကောင်းမှာ စားလိုက်ကြတယ်။ ငွေရှင်းတော့မှ ဒုက္ခရောက်ရော။ ချစ်သူဆိုတာ ကိုယ်စားသမျှ သုံးသမျှ လိုက်ရှင်းပေးရမယ့်လူ မဟုတ်ပါဘူး။ ကိုယ့်အိတ်ကပ် ပါးနေပြီဆို သူ့ကို ပွင့်ပွင့်လင်းလင်း ပြောထားပါ။

02-Marriage-Advice-7-Relationship-Tips-to-Get-the-Love-You-Want-1024x683.jpg 

၅။ ပျော်ပါ

အစပိုင်းမှာ ပြောခဲ့သလိုပါပဲ။ အချစ်ဆိုတာ ချစ်နေရုံနဲ့ မပြီးဘူးလေ။ ချစ်တော့ချစ်တယ် ဒါပေမဲ့ အမြဲတမ်း ရန်ဖြစ်ကြ သတ်ကြနဲ့ဆို ပျော်စရာကောင်းတဲ့ အချစ်ရေး ဖြစ်မလာနိုင်ဘူး။ သူရော ကိုယ်ပါ ပြိုင်တူပျော်ရမယ့် အရာတွေက ဘာတွေရှိမလဲ။ ပြီးတော့ သူပျော်ရွှင်အောင်လည်း ကိုယ်က ဖန်တီးပေးပါ။ ကိုယ့်ကိုလည်း ပျော်အောင်ထားမယ့်လူကိုလည်း ရွေးရပါမယ်။

Source : Shape


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က