ဒိန်ချဉ်၊ သစ်သီးဖျော်ရည်တွေကို သောက်တဲ့အခါ ပိုက်အကြီးနဲ့ သောက်မှ ရပါတယ်။ အဲ့ဒီပိုက်တွေက တခြားနေရာတွေမှာလည်း သုံးလို့ရတယ်။ အသုံးပြုနည်းတွေ အများကြီးရှိတဲ့ထဲကမှ အဆင်ပြေမယ့်အရာတွေကို ရွေးချယ်ပြီး သုံးကြည့်ပါ။
၁။ ခရီးဆောင်ပစ္စည်း
ပိုက်ကို နှစ်လက်မခွဲလောက် ဖြတ်လိုက်ပါ။ အစွန်းတစ်ဖက်ကို ပလာယာလေးနဲ့ဖိပြီး မီးနဲ့တို့လိုက်ရင် တစ်ခါစာအသုံးပြုမယ့် အရည်တွေထည့်လို့ရပါပြီ။ ဥပမာပြောရရင် ခရီးသွားရင်းစားဖို့ ဆော့စ်ပုလင်းကြီး မသယ်ချင်တဲ့အခါ ဒီလိုလေးထည့်သွားပေါ့။
၂။ မုတ်ဆိတ်ရိတ်တံစွပ်
မုတ်ဆိတ်ရိတ်တံတွေကို တစ်ခါသုံးပြီး နောက်တစ်ကြိမ်ပြန်သုံးမယ်ဆို လေလုံအောင်ထားဖို့ လိုအပ်ပါတယ်။ ဒါမှ ဖုန်တွေနဲ့ အညစ်အကြေးတွေ မကပ်တော့မှာပေါ့။ ပိုက်ကိုဖြတ်ပြီး အလယ်ကနေ ဒေါင်လိုက်ခွဲ၊ ပြီးရင် မုတ်ဆိတ်ရိတ်တံကို စွပ်ထားပေးလိုက်လို့ရတယ်လေ။
၃။ ဝိုင်ယာကြိုးတွေ
လျှပ်စစ်ပစ္စည်းတွေရဲ့ ကြိုးတွေကို ပူးပြီးစုစည်းထားချင်ရင်လည်း ရပါတယ်။ ပိုက်ကို ကြောင်လိမ်ပုံစံ ခွဲထားလိုက်ပါ။ ပြီးတော့မှ ကြိုးတွေပူးပြီး ပိုက်လေးနဲ့ ပတ်ထားလိုက်ရင် အိုကေပြီလေ။
၄။ ချိတ်ကိုဆက်မယ်
အဝတ်လှန်းတဲ့ချိတ် အလယ်မှာ ပြတ်သွားပြီဆို ပိုက်နဲ့ဆက်လို့ရတာ သိလား? မုတ်ဆိတ်ရိတ်တံကို စွပ်သလိုမျိုး တစ်လက်မစာလောက် ပိုက်ကိုဖြတ်၊ အလယ်ကခွဲပြီး ချိတ်အဟနှစ်ခုကြားမှာထည့်လိုက်ပါ။ ဘေးနှစ်ဘက်ကို ချိတ်နဲ့ပူးပြီး တိပ်နဲ့ပတ်လိုက်ရင် သုံးလို့ရသွားပါပြီ။
၅။ အိတ်တွေပိတ်မယ်
စားစရာထည့်တဲ့ အိတ်တွေက သုံးပြီးလို့ ပိုနေသေးရင် လေလုံအောင် ပိတ်ထားမှ ထပ်သုံးလို့ရမှာပါ။ အပေါက်နေရာကို ခေါက်ပြီး ပိုက်ကို ထက်ခြမ်းခွဲကာ ပိတ်ထားနိုင်ပါတယ်။
Source : Wearex