၁။ အင်ဒိုနီးရှား
အင်ဒိုနီးရှားနိုင်ငံက အမျိုးသမီးတွေဟာ ရှေးယခင်တည်းကနေ ယခုချိန်ထိအောင် ဟင်းခတ်မှုန့်တွေနဲ့ အလှအပနည်းတွေကို သုံးစွဲကြပါတယ်။ နနွင်း (ဆနွင်း)နဲ့ အခြားသော ကျန်းမာရေးနဲ့ညီညွတ်စေတဲ့ ဟင်းခတ်အမွှေးအကြိုင်အချို့ကို ရောစပ်ကာ body scrub အဖြစ် သုံးပါတယ်။ အသားအရေကို ဝင်းလက်လှပစေတယ်လို့ ဆိုကြပါတယ်။
၂။ ကိုရီးယား
တီဗီကြည့်လိုက်တိုင်း သူတို့တွေရဲ့ အသားအရေ ဂရုစိုက်ကြပုံကို တွေ့ဖူးမှာပါ။ ကျား၊ မ မရွေး အသားအရေထိန်းသိမ်းကြတာ တွေ့ရပါတယ်။ ကိုရီးယားသူတွေက မိတ်ကပ်တွေ သိပ်မလိမ်းပါဘူး။ ဒါပေမဲ့ အသားအရေကို လှပအောင်တော့ အလှကုန်အမျိုးမျိုး သုံးစွဲကြပါတယ်။ ကိုရီးယားသူတွေဟာ မနက်နဲ့ည ပေါင်းရင် skincare ပစ္စည်း ၁၅ မျိုးလောက်တောင် သုံးကြတယ်ဆိုပဲ။
၃။ တန်ဇန်နီးယား
အဲ့ဒီမှာတော့ အုန်းဆီက နာမည်ကြီးပဲ။ အုန်းဆီကို အသားရေနဲ့ ဆံပင်အတွက် အမျိုးမျိုး အသုံးပြုကြတယ်လို့ သိရပါတယ်။ ဆံပင်တွေ ထူထဲနက်မှောင်စေတာမို့လို့ အုန်းဆီဟာ မြန်မာနိုင်ငံမှာလည်း အသုံးများပါတယ်။
Source : Prevention