တွေးကြည့်လိုက်ရင် သိပ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ လျှို့ဝှက်ဆန်းကျယ်မှုတွေ အများကြီးရှိနေတတ်ကြပါတယ်။ အခုလည်းကြည့်လေ။ ကျည်ဆန်ရထားဆိုတာ မျက်စိတစ်မှိတ်အတွင်းမှာ အကွာအဝေးပေါင်းများစွာအထိ ရွေ့သွားနိုင်တဲ့ အရာတစ်ခုမဟုတ်လား။

949f8440ff63b09fb83c6bd4d7a97a28.jpg 

ကျနော်တို့ဝန်းကျင်မှာ တွေးစရာတွေက အများကြီးတည်ရှိနေစမြဲပါ။ တခြို့အကြောင်းအရာ အဖြစ်အပျက်တွေဆိုရင် မြင်တွေ့ကြုံဆုံနေကြမို့ မထူးဆန်းတဲ့အရာလေးတစ်ခုလို ဖြစ်နေကြတတ်ကြပါတယ်။ တကယ်တော့မဟုတ်ပါဘူး။ တွေးကြည့်လိုက်ရင် သိပ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ လျှို့ဝှက်ဆန်းကျယ်မှုတွေ အများကြီးရှိနေတတ်ကြပါတယ်။

အခုလည်းကြည့်လေ။ ကျည်ဆန်ရထားဆိုတာ မျက်စိတစ်မှိတ်အတွင်းမှာ အကွာအဝေးပေါင်းများစွာအထိ ရွေ့သွားနိုင်တဲ့ အရာတစ်ခုမဟုတ်လား။ ရထားက အရှိန်ပြင်းစွာနဲ့ ခုတ်မောင်းရွေ့လျားနေမှတော့ ကျနော်တို့ ပြန်ကျလာရင် မူလနေရာရဲ့ နောက်နားတစ်နေရာမှာပဲ ဖြစ်နေမှာပေါ့။

 

ဒါဆို ဒီတွေးတောမှုက ရယ်ချင်စရာကြီးများဖြစ်နေမလားပဲ။ ဒါပေမဲ့ အံ့သြစိတ်ဝင်စားစရာကောင်းတာတော့ အမှန်ပါပဲ။ ဘာလို့လဲဆိုတော့ ကျည်ဆန်ရထားဟာ အရှိန်ဘယ်လောက်ပဲပြင်းအောင် ခုတ်မောင်းနေပါစေ၊ ရထားထဲစီးနင်းလိုက်ပါလာတဲ့ လူတစ်ယောက်ဟာ ထခုန်လိုက်မယ်ဆိုရင် သူ့ရဲ့မူလနေရာကို ပြန်ကျလာနိုင်လို့ပါပဲ။

 

အကြောင်းကတော့ အရှိန်ပြင်းပြင်းနဲ့ ခုတ်မောင်းနေတဲ့ ကျည်ဆန်ရထားထဲမှာ လိုက်ပါလာတဲ့လူတွေဟာ မလှုပ်မရှားပဲ တည်ရှိနေတယ်လို့ထင်ရပေမဲ့၊ အမှန်မှာ ရထားရဲ့အလျင်နဲ့အတူ သူတို့လည်း လိုက်ရွေ့နေကြတာပါ။ ရထားရှေ့တိုးသွားသလိုပဲ သူတို့လည်း ရှေ့ကို လိုက်တိုးသွားကြပါတယ်။ ဒါကြောင့် ကျနော်တို့တွေ အရှိန်မသတ်သေးတဲ့ ဘတ်စ်ကားပေါ်ကဆင်းတဲ့အခါ ကားရဲ့ဦးတည်မောင်းနှင်ရာဘက်ဆီကို ယိုင်ထိုးလဲကျတတ်ကြတာပဲမဟုတ်လား။

နယူတန်ရဲ့ ပထမနိယာမမှာဆိုရင်လည်း “အရာဝတ္ထုတွေဟာ ပြင်ပအားသက်ရောက်မှုမရှိတဲ့ အခြေအနေတွေမှာဆိုရင် ၎င်းတို့ရဲ့ လှုပ်ရှားမှုအခြေအနေဟာလည်း ပြောင်းလဲမှုမရှိဘူး” လို့ ဆိုထားပါတယ်။

Share

Loading Next Article...
က္က