သင်္ကြန်တွင်းမှာ ရှိမယ့် မဏ္ဍပ်တွေရဲ့နေရာနဲ့ ဈေးနှုန်းတွေကို စုစည်းတင်ပြလိုက်ပါတယ်။


ဒီနှစ်သင်္ကြန်မှာ မဏ္ဍပ်ထိုင်ချင်တဲ့သူတွေ ကဲနိုင်ဖို့ လျှောက်ထားတဲ့မဏ္ဍပ် ၂၈ ခုရှိပါတယ်။ နောက်ပြီး မဏ္ဍပ်တော်တော်များများက ပြည်လမ်းမှာပဲရှိနေတာကြောင့် ပြည်လမ်းမှာပဲ စည်ကားနေမယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ဒီနှစ်မှာ မဏ္ဍပ်တချို့က ပွဲကျင်းပတဲ့ကွင်းတွေမှာ Rave ပုံစံမျိုးကျင်းပ ပြုလုပ်လာတာကို တွေ့ရပါတယ်။

ဒီအတွက်ကိုတော့ လက်ရှိမှာနာမည်ကြီးနေတဲ့ မဏ္ဍပ်တွေရဲ့ ဈေးနှုန်းတွေနဲ့ နေရာတွေကို မိတ်ဆက်ပေးချင်ပါတယ်။ အရင်နှစ်တွေကလိုပဲ နာမည်ကြီးဒီဂျေတွေ အပြိုင်အဆိုင် ထည့်သွင်းထားတာဖြစ်တဲ့အတွက် သင်္ကြန်မှာမြူးချင်သူတွေ အတွက်တော့ အဆင်ပြေမှာပါ။

ရန်ကုန်မြို့ထဲမှာဖွင့်လှစ်မယ့် မဏ္ဍပ်တွေထဲက တချို့နဲ့ ဈေးနှုန်းတွေကို သင်္ကြန်မှာကဲမယ့်သူတွေအတွက် Duwun ကနေ ရှာဖွေတင်ပြထားပါတယ်။

 

Waterzonic

- Waterzonic လို့ပြောရင် Raver တွေအတွက် အကြိုက်ပါပဲ။ မင်းဓမ္မလမ်းက MCC ခန်းမမှာပြုလုပ်မှာ ဖြစ်ပါတယ်။ ပုံမှန် ALL Day လက်မှတ်ဈေးနှုန်းက ကျပ် ၈၀၀၀၀ ဖြစ်ပြီး VIP ကတော့ ၁၅၀၀၀၀ ပါ။

Wet Nation

- Wet Nation ရေကစားမဏ္ဍပ်ကတော့ The One Entertainment Park မှာ ရှိနေမှာဖြစ်ပြီးတော့ All Day အတွက် ကိုးသောင်းကျပ် သတ်မှတ်ထားပါတယ်။ VVIP လက်မှတ်ကတော့ ကျပ်နှစ်သိန်း သတ်မှတ်ထားပါတယ်။

TMF

- TMF ကတော့နာမည်ကြီးတဲ့ မဏ္ဍပ်ပါပဲ။ ဒီနှစ်မှာလည်း တကယ့်နာမည်ကြီး DJ ဖြစ်တဲ့ Yellow Claw အပြင် နာမည်ကြီး ဒီဂျေတွေပါဝင်မယ်လို့ သိရပါတယ်။ ဒါပေမယ့် အရင်နှစ်ကထက် ပိုထူးခြားတာက နေရာပါ။ သုဝဏ္ဍဘုမ္မိကွင်းမှာ ပြုလုပ်သွားမှာပါ။ ဒီနှစ်အတွက် သတ်မှတ်ထားတဲ့ ဈေးနှုန်းတွေက All Day အတွက် ရှစ်သောင်း၊ VIP အတွက်ကတော့နှစ်သိန်းလို့ သိရပါတယ်။ VIP လက်မှတ်တွေရဲ့ ဝန်ဆောင်မှုတွေကတော့ သီးသန့် Service ၊ ဝိတ်တာ ဆားဗစ်တွေ ပါဝင်မှာဖြစ်ပါတယ်။

Barrack

- နောက်ထပ် အလန်းစား မဏ္ဍပ်တစ်ခုကတော့ Barrack ပါ။ ကန်တော်ကြီးမျှော်စင်ကျွန်းမှာရှိတဲ့ ဒီမဏ္ဍပ်ရဲ့ ဈေးနှုန်းတွေက All Day - ၆၀၀၀၀ ကျပ်ပါ။ ပါဝင်မယ့် Service တွေက Full Shower System, Foam Party , Cake Party , Free Flow Punch , Lucky Draw, Medical Booth , CCTV, Security တို့ ပါဝင်မှာဖြစ်ပါတယ်။

Black Jack

- နောက်ထပ် မဏ္ဍပ်တစ်ခုအနေနဲ့ Black Jack ပါ ။ ပြည်လမ်းမှာ ရှိနေမယ့် မဏ္ဍပ်မှာတော့ ဧပြီလအတွင်းမှာ ဝယ်မယ်ဆိုရင် ဈေးနှုန်းက ငါးသောင်းကနေ ခြောက်သောင်းအကြားမှာ ရှိနေမှာဖြစ်ပါတယ်။ တစ်ရက်တည်းနှုန်းနဲ့ ဝယ်မယ်ဆိုရင် အကြိုနေ့အတွက် ကျပ်တစ်သောင်းခွဲ၊ အကျနေ့မှာ ကျပ် ၂၀၀၀၀၊ အကြတ်နေ့မှာ ကျပ် ၃၀၀၀၀၊ အတတ်နေ့မှာ ၂၅၀၀၀ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

Exodus

- Exodus ကလည်း ၇၀၀၀၀ (All Day )အတွက် သတ်မှတ်ထားပြီး ဆယ်စောင်ဝယ်ယူမယ်ဆိုရင် တစ်စောင်အခမဲ့ပေးအပ်သွားမယ်လို့ သိရပါတယ်။

ပြည်လမ်းမှာရှိမယ့် နောက်ထပ် မဏ္ဍပ်များ

- နောက်ထပ် ပြည်လမ်းမှာပဲ ရှိနေမယ့် မဏ္ဍပ်တွေကတော့ Gotham မဏ္ဍပ်၊ UnDerDawg မဏ္ဍပ်တွေ ကလည်းရှိနေဦးမှာဖြစ်ပါတယ်။ အသေးစိတ်သိချင်တယ်ဆိုရင်တော့ သက်ဆိုင်ရာမဏ္ဍပ်တွေရဲ့ Facebook Page ကနေ တစ်ဆင့်လည်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Share

Loading Next Article...
က္က