ဓာတ်ဘူးတွေထဲ ထည့်ထားတဲ့ ရေနွေးက ဘာဖြစ်လို့ အတော်ကြာအောင်ပူနေပြီး ရေနွေးကရားထဲမှာကျ ဘာလို့ အဲဒီလောက်ကြာအောင် အပူမခံတာလဲပေါ့။ ပြီးတော့ ဓာတ်ဘူးတွေဟာ အပူတစ်မျိုးကိုပဲ ထိန်းထားပေးနိုင်တာလားဆိုတာ ဆက်စဉ်းစားမိတယ်။

61iezWV6XmL._SL1500_.jpg 

ဒီနေ့ လက်ဖက်ရည်ဆိုင်မှာ ရေနွေးသောက်ရင်းနဲ့ တစ်ခုစဉ်းစားမိတယ်။ တခြားတော့မဟုတ်ပါဘူး။ ဓာတ်ဘူးတွေထဲ ထည့်ထားတဲ့ ရေနွေးက ဘာဖြစ်လို့ အတော်ကြာအောင်ပူနေပြီး ရေနွေးကရားထဲမှာကျ ဘာလို့ အဲဒီလောက်ကြာအောင် အပူမခံတာလဲပေါ့။ ပြီးတော့ ဓာတ်ဘူးတွေဟာ အပူတစ်မျိုးကိုပဲ ထိန်းထားပေးနိုင်တာလားဆိုတာ ဆက်စဉ်းစားမိတယ်။

 

နောက်ဆုံး ကျောင်းတုန်းက သင်ခဲ့ရတဲ့ ဒသမတန်းရူပဗေဒအထိ အတွေးနယ်ချဲ့သွားတော့တာပဲ။ အဲဒီမှာ အပူအကြောင်း ရှင်းပြထားတာလေးကို သွားသတိရတယ်။ သူပြောထားတာက အပူပြောင်းလဲမှု (၃)မျိုးရှိတယ်ဆိုပဲ။ convection လို့ခေါ်တဲ့ အပူစီးကူးခြင်းရယ်၊ conduction လို့ခေါ်တဲ့ အပူလျှောက်ကူးခြင်းရယ်၊ radiation လို့ခေါ်တဲ့ အပူထုတ်လွှတ်ခြင်းရယ်ဆိုပြီး သုံးမျိုးခွဲပြထားတယ်ဗျ။

 

ဒါဆို ရေနွေးထဲကအပူစွမ်းအင်တွေဟာလည်း ဒီ (၃)နည်းထဲက တစ်နည်းနည်းကိုသုံးပြီးတော့ တခြားအရာဝတ္ထုတစ်ခုဆီကို ကူးပြောင်းသွားနိုင်တာပေါ့။ ကူးပြောင်းခွဲဝေပေးလိုက်ပြီဆိုမှတော့ သူ့ဆီမှာလည်း အပူစွမ်းအင်နည်းသွားမှာပေါ့ဗျာ။ ဒီအချက်က ရေနွေးတွေ ပူရာကနေ အေးစေတဲ့အကြောင်းအရင်းပဲဗျ။ ဒါဆို ရေနွေးရဲ့အပူစွမ်းအင်ကို တာရှည်ထိန်းထားနိုင်ဖို့ဆိုရင် ဒီ (၃)မျိုးကို တတ်နိုင်သမျှ ဖြတ်တောက်ထားရမှာပေါ့။

 

ဒါကြောင့် အပူစီးကူးခြင်းမဖြစ်အောင် လေထုနဲ့ဖြတ်တောက်ဖို့ရာအတွက် နံရံကိုနှစ်ထပ်ပုံစံလုပ်ထားပြီး အဆို့နဲ့အလုံပိတ်ထားတာပဲဗျ။ အပူထုတ်လွှတ်ခြင်းကို တားဆီးနိုင်ဖို့ရာအတွက် ဓာတ်ဆန်မှာ တစ်ဖက်ကို အလင်းပြန်မထွက်နိုင်အောင် ငွေရောင်ပြဒါး သုတ်ထားတာပေါ့ဗျာ။ ပြီးတော့ အပူလျှောက်ကူးမှုနည်းအောင် ဓာတ်ဆန်ကို ပါးပါးလေးလုပ်ထားပြီး ဓာတ်ဘူးကိုယ်ထည်နဲ့လည်း ထိစပ်မှုနည်းနိုင်သမျှနည်းအောင် လုပ်ထားတယ်ဗျ။ ဒါကြောင့် သူ့မှာ ပြင်ပကအပူတွေ ဝင်မလာနိုင်သလို သူ့ဆီကအပူတွေလည်း အပြင်ကို ထွက်သွားနိုင်တော့ဘူးပေါ့ဗျာ။ ဒီနည်းနဲ့ အပူကိုထိန်းထားတာပါ။

အပူကူးပြောင်းစေနိုင်တဲ့ ဒီ (၃)မျိုးကို တတ်နိုင်သမျှ ထိန်းချုပ်ထားပြီဆိုမှတော့ ဓာတ်ဘူးတွေဟာ ပူနေတဲ့ရေနွေးအပြင် အေးနေတဲ့အရာကိုလည်း ထိန်းပေးထားနိုင်တာပေါ့။

Reference: GridClub

Share

Loading Next Article...
က္က