ဧပြီလ ၃ ရက်နေ့က စတင်ထုတ်ပေးမှာဖြစ်ပြီး ဧပြီလ ၂၈ ရက်နေ့အထိ နောက်ဆုံးထား လျှောက်ထားရမှာဖြစ်ပါတယ်။
 

ရန်ကုန် နည်းပညာတက္ကသိုလ်ရဲ့ ၂၀၁၇ – ၂၀၁၈ ပညာသင်နှစ်အတွက် ဘွဲ့လွန်ဒီပလိုမာသင်တန်းတွေနဲ့ မဟာဘွဲ့သင်တန်းတွေ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။



မြို့ပြအင်ဂျင်နီယာ ဘာသာရပ်၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ ဘာသာရပ်၊ အီလက်ထရွန်းနစ်အင်ဂျင်နီယာဘာသာရပ်၊ မက်ထရွန်းနစ်အင်ဂျင်နီယာဘာသာရပ်၊ ဓာတုအင်ဂျင်နီယာဘာ သာရပ်၊ ချည်မျှင်နဲ့ အထည်အင် ဂျင်နီယာဘာသာရပ်၊ သတ္တုတူးဖော်ရေး အင်ဂျင်နီယာဘာသာရပ်၊ သတ္တုဗေဒအင်ဂျင်နီယာ ဘာသာရပ်၊ အင်ဂျင်နီယာဘူမိဗေဒ ဘာသာရပ်စတဲ့ဘာသာရပ်တွေကို အထူးပြုဘာသာရပ်အလိုက် သင်ကြားပေးမှာဖြစ်ပါတယ်။ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲကို အင်္ဂလိပ်စာနဲ့ သက်ဆိုင်ရာ ဘာသာရပ်တွေ ဖြေဆိုရမှာဖြစ်ပြီး ဝင်ခွင့်စာမေးပွဲတွေကို မေ လ ၈ ရက်နေ့နဲ့   ၉ ရက်နေ့တွေမှာ ပြုလုပ်မယ်လို့ သိရပါတယ်။

(သင်စိတ်ဝင်စားနိုင်မယ့် ဆောင်းပါး - တက္ကသိုလ်ဝင်တန်းအောင်ပြီးသူတွေ Myanmar Imperial College မှာ စတင်တက်ရောက်နိုင်တဲ့ Bachelor Degree Programme များ)

 

လျှောက်လွှာတွေကို ရန်ကုန်နည်းပညာတက္ကသိုလ်မှာ ဧပြီလ ၃ ရက်နေ့က စတင်ထုတ်ပေးမှာဖြစ်ပြီး ဧပြီလ ၂၈ ရက်နေ့အထိ နောက်ဆုံးထား လျှောက်ထားရမှာဖြစ်ကာ   ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားတွေကို မေလ ၅ ရက်နေ့ ထုတ်ပေးမှာ ဖြစ်ပါတယ်။

လျှောက်ထားလိုသူတွေအနေနဲ့ ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့သာ လျှောက်ထားရမှာဖြစ်ကာ မဟာဘွဲ့လျှောက်ထားလို သူတွေကတော့ သတ်မှတ်ထားတဲ့ ပညာအရည်အချင်းတွေ  ပြည့်မီ သူဖြစ်ကြောင်း  အောင်မြင်ခဲ့တဲ့ တက္ကသိုလ်တွေက ထောက်ခံချက်မူရင်းကို တင်ပြပေးရမှာလည်း ဖြစ်ပါတယ်။

ဘွဲ့လွန်ဒီပလိုမာသင်တန်း ကာလတစ်နှစ်ကြာမြင့်မှာဖြစ်ပြီး ဘွဲ့လွန်ဒီပလိုမာ ထူးချွန်သူတွေဟာ မဟာဘွဲ့သင်တန်း ဆက်လက်တက်ရောက်ခွင့်ပြုမှာဖြစ်ပါတယ်။

အဆိုပါသင်တန်းတွေကိုလာမယ့် ၂၀၁၇ – ၂၀၁၈ ပညာသင်နှစ် ဇွန်လ ၁ ရက်နေ့မှာ စတင်ဖွင့်လှစ်သင်ကြားပေးမှာဖြစ်ပါတယ်။

Source: Kumudra,  မေသော်တာမောင်

Photos: Wekipedia, YTU


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က