၁။ အကြာကြီးငေးတာ
မျက်လုံးချင်းဆုံဖို့က အရေးကြီးတယ်လေ။ ဒါပေမဲ့ တမေ့တမော ငေးကြည့်နေတယ်ဆိုရင်တော့ ဟိုဘက်က ကိုယ့်ကိုစိတ်ပျက်သွားမှာပဲ။ ကိုယ့်ကိုကြွေတာကို သဘောကျပေမဲ့ အလွန်အကျွံငမ်းတာမျိုးကို ဘယ်သူကမှ မခံနိုင်ဘူး။
၂။ မသင့်လျော်တဲ့နေရာကိုထိတွေ့တာ
ရင်းရင်းနှီးနှီးဖြစ်အောင် ခန္ဓာကိုယ်ချင်း ထိတွေ့ပေးရတယ်။ ဥပမာ စကားပြောနေရင်း ပခုံးကို လှမ်းထိလိုက်တာမျိုးပေါ့။ အကန့်အသတ်လေးရှိဖို့တော့ လိုပါတယ်။ အတင်းကာရော ဖက်လိုက်တာ၊ ခန္ဓာကိုယ်အောက်ပိုင်းကို ထိတာမျိုး လုံးဝမလုပ်မိပါစေနဲ့။
၃။ တခြားမိန်းကလေးအကြောင်း
အတင်းအုပ်တတ်တဲ့ မိန်းကလေးတွေကို ယောက်ျားတွေက သဘောမကျပါဘူး။ မိန်းကလေးချင်း နောက်ကွယ်မှာ အတင်းအုပ်တာမျိုးဆို ပိုတောင် စိတ်ပျက်ကြပါတယ်။ တခြားမိန်းကလေးတစ်ယောက်ရဲ့ မကောင်းကြောင်းတွေ သူ့ကို သွားပြောလိုက်ရင် သင့်ကိုလန့်သွားပါလိမ့်မယ်။
၄။ မူယာမာယာပိုလွန်းတာ
ကိုယ် ဘယ်လိုလူလဲဆိုတာ သူက အထိုက်အလျောက်တော့ သိထားပြီးသားပါ။ မူယာမာယာတွေပိုပြီး အတင်းကာရော ရှက်ပြ၊ ကြောက်ပြတာတွေကလည်း တော်ရုံပဲကောင်းပါတယ်။ နောက်မှ အကြောင်းသိသွားရင် ဂွမ်းပြီလေ။ သူနဲ့စကားပြောတဲ့အခါ ရယ်စရာရှိမှရယ်ပါ၊ အံ့သြစရာမပါဘဲနဲ့ အတင်းကာရော အံ့သြပြနေရင်လည်း တစ်ဖက်သား စိတ်ရှုပ်ရပါတယ်။
၅။ ဆရာမကြီး
ဟိုလိုလုပ်သင့်တယ်၊ ဒီလိုလုပ်လိုက်ပါလား၊ ဖြစ်သင့်တာကဒီလိုပါ ဆိုပြီး သိသလို တတ်သလို သွားပြောမနေနဲ့ဦး။ ဆရာမကြီးအထှာနဲ့ဆို ဘယ်သူကမှ မချစ်ချင်ဘူး။