ဝက်ခြံပေါက်ချိန်တိုင်းမှာ မျက်နှာအလှပျက်ရုံသာမက နေထိုင်ရလည်း ခက်လှပါတယ်။ မြန်မြန်ပျောက်ချင်ရင်တော့ အစားအသောက် အနေအထိုင် ဆင်ခြင်ရပါတယ်။ အသားအရေနဲ့ အလှအပရေးရာ ကျွမ်းကျင်သူတွေကတော့ ဝက်ခြံထွက်နေချိန်မှာ ဒါတွေမစားသင့်ဘူးလို့ဆိုတယ်။
၁။ သစ်သီးဖျော်ရည်
သစ်သီးတွေစားတာက အသားအရေကို ကြည်လင်စိုပြေစေပါတယ်။ ဖျော်သောက်တဲ့အခါမှာတော့ သကြားတွေကဲထားလို့ သွေးတွင်းအချိုဓာတ်ကို မြင့်တက်သွားစေတာကြောင့် ဝက်ခြံကပိုမိုရောင်ရမ်းလာရပါတယ်။
၂။ နို့ထွက်ပစ္စည်း
နို့ကနေထုတ်လုပ်ထားတဲ့ စားစရာ သောက်စရာတွေက ဝက်ခြံတွေကို ပိုဆိုးလာစေပါတယ်။ နို့ထွက်ပစ္စည်းမှာပါဝင်တဲ့ ဘယ်အရာကြောင့်များ ပိုဆိုးလာရသလဲဆိုတာတော့ တိတိကျကျ မရှာနိုင်သေးပါဘူး။ ဒါပေမဲ့ ပရိုတိန်းဓာတ်ဖြည့်ထားတဲ့ အဆီမပါနွားနို့တွေဆိုရင် ဝက်ခြံကို သိသိသာသာ ဆိုးလာတာတော့ အမှန်ပါ။
၃။ နို့ချောကလက်
ချောကလက်ကိုမှ နို့အရသာ ကဲထားတာတွေကို ဝက်ခြံပေါက်နေချိန်မှာ မစားသင့်ပါဘူး။ များသောအားဖြင့်တော့ နို့ချောကလက်တွေဟာ ပုံစံပြောင်းထားတဲ့အဆီတွေနဲ့ ပြုလုပ်ထားတာမို့လို့ပါ။ ချောကလက်စားချင်ရင် ချောကလက်နက် (ကိုကိုး ၇၀ ရာခိုင်နှုန်းပါဝင်တဲ့ ချောကလက်စစ်စစ်)ကို စားလို့ရပါတယ်။
Source : She Finds