အမျိုးသမီးရော အမျိုးသားပါ ကစားနိုင်တဲ့ ကစာနည်းဖြစ်ပြီး တူညီတဲ့အားစိုက်ထုတ်မှုကိုပဲ ပြုလုပ်ရပါတယ်။
 

ဂေါက်သီးရိုက်ခြင်းဟာလည်း ကမ္ဘာတစ်လွှားမှာ နာမည်ကျော်တဲ့ ကစားနည်းတစ်ခု ဖြစ်ပါတယ်။ ဂေါက်ရိုက်နေသူကို ကြည့်ရတဲ့အခါ ဘေးလူအမြင်မှာတော့ ကိုယ်နေဟန်ထား လှလှပပနဲ့ စမတ်ကျကျလေးရှိနေတယ်လို့ ထင်ရတာပါပဲ။ တကယ်တမ်းတော့ ဂေါက်သီးရိုက်ခြင်းဟာ စည်းမျဉ်းစည်းကမ်းတွေလည်း များပါတယ်။ စိတ်ကိုတော့ သက်တောင့်သက်သာဖြစ်စေတယ်လို့ ဂေါက်ရိုက်သမားတွေက ဆိုပါတယ်။

 

ဘောလုံးနဲ့ အသုံးပြုပြီး ကစားရတဲ့ ကစားနည်းတွေထဲမှာမှ ဂေါက်သီးရိုက်ကစားနည်းဟာ ကွင်းသတ်မှတ်ချက် အနေအထား အတိအကျဖြစ်စရာမလိုတဲ့ ကစားနည်းလည်း ဖြစ်ပါတယ်။ အခြေခံကျဆုံး စည်းမျဉ်းတစ်ခုကတော့ ရိုက်ချက်အနည်းဆုံးနဲ့ ကျင်းဝင်အောင် ရိုက်ရတာပါ။ ဂေါက်ရိုက်ခြင်းကို ၁၄ ရာစုအတွင်းက စကော့တလန်မှာ စတင်ပေါ်ပေါက်ခဲ့တယ်လို့ မှတ်ယူရပါတယ်။

 

နှစ်စဉ် ဧပြီလ ၁၀ ရက်နေ့ဟာ Golfer's Day ဖြစ်ပါသတဲ့။ ဒီနေ့မှာတော့ ဂေါက်ရိုက်သမားတွေက ဂေါက်သီးစုရုံးရိုက်ခြင်းဖြင့် ဆင်နွှဲကြတယ်လို့ သိရပါတယ်။

Source : Days of the year

Share

Loading Next Article...
က္က