ဘာကြောင့် အဲဒီလိုထားရတာလဲဆိုတာကိုတော့ ကျနော်တို့အားလုံးလည်း တွေးမိမယ်မထင်ပါဘူး။ တကယ်တော့ ဒါဟာလည်း စိတ်ဝင်စားစရာလေးပဲဗျ။

CR-FoodBeverage-Applicationjpg.jpg 

ကျနော်တို့ စားသောက်စရာ (သို့) အရာဝတ္ထုတစ်ခုခုကို အေးသွားအောင် ရေခဲစိမ်တဲ့အခါမှာ ရေခဲတုံးကို အရာဝတ္ထုရဲ့အပေါ်ဘက်မှာ ထားလေ့ရှိကြပါတယ်။ ဘာကြောင့် အဲဒီလိုထားရတာလဲဆိုတာကိုတော့ ကျနော်တို့အားလုံးလည်း တွေးမိမယ်မထင်ပါဘူး။ တကယ်တော့ ဒါဟာလည်း စိတ်ဝင်စားစရာလေးပဲဗျ။

 

တချို့ကတော့ ရေခဲပေါ်မှာ အရာဝတ္ထုတင်ပြီး အေးအောင်လုပ်နေကြတာကို တွေ့နေရတယ်။ တကယ်တော့ ဒါဟာ မှားယွင်းတဲ့ ထားသိုမှုတစ်ခုလို့ပြောရမယ်။ အဲဒီလိုထားလိုက်မယ်ဆိုရင် အေးသွားရင်လည်း အောက်ခြေ တစ်စိတ်တစ်ပိုင်းလောက်ပဲ ဖြစ်လိမ့်မယ်ဗျ။

 

အမှန်တကယ်က ရေခဲကို အရာဝတ္ထုရဲ့အပေါ်မှာ ထားရမှာဗျ။ ဘာလို့လဲဆိုတော့ ရေခဲကြောင့် အေးသွားတဲ့လေက အောက်ကိုဆင်းပြီး အရာဝတ္ထုကို ဝန်းရံအုပ်မိုးပေးထားလို့ပေါ့ဗျာ။ ပြီးတော့ အရာဝတ္ထုရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ လေပူတွေကိုလည်း ဖယ်ထုတ်ပေးတယ်လေ။ ဒါကြောင့်မို့ပဲ ရေခဲသေတ္တာတွေမှာဆိုရင် ရေခဲကန်ကို အပေါ်ဆုံးမှာပဲ ထားတာပေါ့ဗျာ။

Reference: 100 Thousand Whys (New Century Edition), UKCampsite

Share

Loading Next Article...
က္က