သူများမကောင်းတာကိုပဲ လိုက်ကြည့်နေ၊ အကဲခတ်ဆုံးဖြတ်နေလို့ မပြီးပါဘူး။ ကိုယ်တိုင်ကလည်း ကောင်းအောင်နေရပါမယ်။ သင်က ကိုယ့်ပတ်ဝန်းကျင်က လူတွေအပေါ် အဆိပ်တစ်ခွက်လို စိတ်ပျက်စရာလူတစ်ဦး ဖြစ်မှန်းမသိ ဖြစ်နေပြီလားဆိုတာကိုလည်း ဒီအချက်တွေနဲ့ နှိုင်းယှဉ်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်လိုက်ပါဦး။
၁။ သူများကိုပဲ အပြစ်မြင်နေတယ်
ကိစ္စတစ်ခုခု ဖြစ်လာတိုင်း သူများကိုပဲ လက်ညှိုးထိုးပုံချမိနေတယ်။ ကိုယ်မှားတယ်လို့ကိုမထင်ဘူး။ ဒီလိုဆိုရင် ဘာတွေဖြစ်နေလဲဆိုတာ ချရေးကြည့်ပါ။ ပြီးရင် တစ်ခုချင်းစီကို နှံ့နှံ့စပ်စပ်အဖြေရှာရပါမယ်။ သူများကို ပြစ်တင်တာ၊ စောဒကတက်တာတွေကို လျှော့ချပါ။
၂။ နောက်ကွယ်မှာပြောတယ်
သူ့ကိုမကြိုက်ဘူးဆို ပေါ်တင်ပြောပါ။ ဒါမှမဟုတ် မပတ်သက်ဘဲ နေလို့လည်းရတယ်။ သူ့မကောင်းကြောင်းကိုတော့ နောက်ကွယ်မှာလျှောက်မပြောနဲ့ပေါ့။
၃။ ပေးတာထက်ပိုလိုချင်
အပြန်အလှန် သိတတ်မှုနဲ့ အပေးအယူဆန်တဲ့ ဆက်ဆံရေးတွေမှာ ရသင့်တာထက် ပိုပြီးလိုချင်နေမိတယ်။ သူများကို ၁၀ ဖိုး ကူညီပေးခဲ့ပေမဲ့ ကိုယ့်အလှည့်မှာ ၁၀၀ ဖိုးလောက် လိုချင်နေတာမျိုး။ မတော်လောဘနဲ့ အတ္တတွေ များနေပါပြီ။
၄။ သူငယ်ချင်းတွေနည်းသွားတယ်
ကိုယ့်အတ္တနဲ့ လုပ်ရပ်တွေက မှားနေလို့သာ သူငယ်ချင်းတွေက တဖြည်းဖြည်း ခွာကုန်ကြတာမဟုတ်လား။ ကိုယ့်အနားမှာ တစ်ယောက်မှမရှိတော့တဲ့အဖြစ်မျိုးက ပျော်စရာမဟုတ်ပါဘူး။
၅။ စကားဝိုင်းကိုလွှမ်းမိုးချင်
လူတွေ ဝိုင်းဖွဲ့ပြီး စကားပြောနေချိန် ကိုယ်ရောက်သွားပြီဆို ကိုယ့်ကိုပဲ အာရုံစိုက်အောင်လုပ်တယ်။ ဒါက နည်းလမ်းမျိုးစုံရှိပါတယ်။ ဆိုးတဲ့နည်းဖြစ်ဖြစ် ကောင်းတဲ့နည်းဖြစ်ဖြစ် တကယ်တော့ မလုပ်သင့်တဲ့ကိစ္စပါ။
၆။ ဒရာမာတွေခင်း
ကိုယ့်မှာဖြစ်ပျက် ကြုံတွေ့နေရတာတွေကို အရမ်းကြီး ဒရာမာချိုးပြနေတာမျိုးလေ။ ကိစ္စတွေကို ပုံကြီးချဲ့တယ်၊ လွမ်းဆွတ်ကြေကွဲပြတယ်။ လူတွေသနားအောင် ကြိုးစားပြနေတာမျိုး။
၇။ အဆိုးမြင်ဝါဒီ
ဘယ်ကိစ္စမဆို ကိုယ်က အဆိုးဘက်က အရင်မြင်တယ်။ သူများက စိတ်ကူးတစ်ခုခုပေါ်လာလို့ ပြောပြတိုင်ပင်လာရင် ကိုယ်က အကောင်းဘက်ကိုအရင်မမြင်နိုင်ဘူးဖြစ်နေတာ။ ကိုယ့်စိတ်ကိုက မကောင်းတာတွေချည်း လွှမ်းမိုးနေတော့ ဘာမြင်မြင် အကောင်းကိုမထင်ဘူး။
Source : The list