အမျိုးသမီးတို့ဘဝ လစဉ်ကြုံတွေ့ရတဲ့ ရာသီသွေးစီးဆင်းမှုဟာ အနည်းနဲ့အများဆိုသလို စိတ်ပင်ပန်းရတာပါပဲ။ နေရထိုင်ရ မလွတ်လပ်သလို နာကျင်ကိုက်ခဲတာ၊ စိတ်ခံစားချက်ပြောင်းလဲတာတွေလည်း ကြုံရတတ်ပါတယ်။ ဓမ္မတာလာခါနီးမှာ ကြုံရတဲ့ ဝေဒနာတွေ လျော့ပါးအောင် ဒါတွေစားပေးပါ။
၁။ ဒိန်ချဉ်
ဒိန်ချဉ်မှာပါတဲ့ ကယ်လ်ဆီယံက ရာသီမလာမီ ခံစားရတဲ့ဝေဒနာတွေကို လျော့သွားစေပါတယ်။ လာခါနီးရက်တွေမှာ နေ့စဉ်စားပေးမယ်ဆို ဓမ္မတာမလာမီခံစားရတာာတွေ ၅၀ ရာခိုင်နှုန်းလောက် လျော့ပါးသွားပါလိမ့်မယ်။
၂။ တူနာငါး
တူနာငါးမှာ ဗီတာမင် D ပါဝင်လို့ အရိုးကို သန်စွမ်းအားကောင်းစေကာ ကယ်လ်ဆီယံကို ပိုမိုစုပ်ယူနိုင်ပါတယ်။ ဗီတာမင် D မလုံလောက်တဲ့အမျိုးသမီးဟာ ဓမ္မတာမလာမီမှာ ဝေဒနာပိုခံစားရပါတယ်။
၃။ ငှက်ပျောသီး
ငှက်ပျောသီးက ကျန်းမာရေးအတွက် ကောင်းကျိုးများများပေးပါတယ်။ အာဟာရလည်းရှိပါတယ်။ သူ့မှာပါဝင်တဲ့ L-tryptophan လို့ ခေါ်တဲ့ အမိုင်နိုအက်ဆစ်တစ်မျိုးဟာ စိတ်တိုတာတွေ၊ ခံစားချက်ပြင်းထန်တာတွေကို သက်သာစေပါသတဲ့။
Source : The list