ဒီနေ့မှ မကဲရင် နောက်နေ့ကဲစရာမရှိဘူးဆိုတဲ့သူငယ်ချင်းတွေရှိသလို တစ်နှစ်လုံး စောင့်ဆိုင်း၊ ငွေစုပြီးခရီးသွားမယ်လို့ ကြံစည်ထားတဲ့ ခရီးသွားဒိုင်ယာရီ ရေးမယ့်သူငယ်ချင်းတွေလည်းရှိကြမှာပါ။

 

ဘယ်နေရာမှာပဲ သင်္ကြန်ပွဲဆင်နွှဲဆင်နွှဲ သူငယ်ချင်းအဖွဲ့တွေတိုင်းမှာ အခုဖော်ပြထားတဲ့အချက်တွေနဲ့ ကိုက်ညီတဲ့ စရိုက်လက္ခဏာပိုင်ရှင်တွေရှိတယ်ဆိုတာ သင် သတိထားမိပါသလား။ ဒီနေ့မှ မကဲရင် နောက်နေ့ကဲစရာမရှိဘူးဆိုတဲ့ သူငယ်ချင်းတွေရှိသလို တစ်နှစ်လုံး စောင့်ဆိုင်း၊ ငွေစုပြီး ခရီးသွားမယ်လို့ကြံစည်ထားတဲ့ ခရီးသွားဒိုင်ယာရီ ရေးမယ့်သူငယ်ချင်းတွေလည်းရှိကြမှာပါ။

ရေခဲတုံးလိုလူ

ဒီသူငယ်ချင်းတွေကတော့ သင်္ကြန်ဟာ အနားယူလို့အကောင်းဆုံးအချိန်လို့ သတ်မှတ်ထားသူတွေဖြစ်ပြီး လုံးဝအေးအေးဆေးဆေး နေကြပါတယ်။ တစ်နှစ်တာ စိတ်ဖိစီးထားသမျှကို ဖြေလျှော့ကာ ဘာမှမလုပ်ပဲ ဧည့်ခန်းထဲမှှာ အဲကွန်းလေးဖွင့်၊ Coca-Cola လေးသောက်ရင်း ရုပ်ရှင်၊ တီဗွီအစီအစဉ်တွေကြည့်ရင်း အိမ်မှာနားနေရတာကို ပိုနှစ်သက်ကြပါတယ်။ VIP မဏ္ဍပ်မှာထိုင်ရမယ်ဆိုရင်ပြီး၊ သူငယ်ချင်းတွေ အိမ်ထိလာခေါ်တာတောင် တုတ်တုတ်မလှုပ်ပဲ အဖြေက အမြဲ “No” ပါ။

 ပွဲကြိုက်ခင်/မောင်များ

သူတို့ကတော့ ဘယ်နေရာမှာ အလန်းဆုံး Party တွေရှိနေလဲဆိုတာ သိတဲ့သူတွေဖြစ်ပြီး မြို့ထဲက Party တွေကို လျှောက်သွားဖို့ အကောင်းဆုံးလမ်းကြောင်းကို စဉ်းစားထားကြသူတွေပါ။ မနက်ပိုင်းမှာတော့ မဏ္ဍပ်မှာကဲပြီး နေ့လည်ပိုင်း မဏ္ဍပ်တွေ ခဏနားချိန်မှာတော့ ကန်တော်ကြီးပန်းခြံ၊ ကရဝိတ်ဥယျာဉ်အမှတ် ၁၊ ရန်ကုန်မြို့မှာရှိတဲ့ Coca-Cola Summer Oasis မှာ Coca-Cola နဲ့အတူ နွေးထွေးတဲ့ ပတ်ဝန်းကျင်၊ တက်ကြွစေမယ့်သီချင်းတွေ၊ စိတ်လှုပ်ရှားစရာ အထူးအစီအစဉ်တွေဆင်နွှဲဖို့ သွားလည်မယ့်သူပါ။ သူတို့တွေဟာ မြန်မာနိုင်ငံရဲ့ အကောင်းဆုံး DJ တွေထဲကတစ်ယောက်ဖြစ်တဲ့ The Kendrick နဲ့အတူ မင်းသမီး နန်းဆုဦး ၊ The Bugbears ၊ Hyrax တို့ဖျော်ဖြေမယ်ဆိုတာလည်း သိနေပြီးကြပါပြီ။ သာမန်သင်္ကြန်ချစ်သူတွေ ကတော့ ပွဲပြီးတာနဲ့ အိမ်ပြန်သင့်ပြီလို့ထင်ကြပေမဲ့ ပွဲကြိုက်ခင်/မောင် တွေကတော့ တစ်နေရာရာမှာ သီချင်းသံတွေ ကြားနေရရင်ကို ဘယ်တော့မှ အိမ်ပြန်မှာ မဟုတ်ပါဘူး။

 

ခရီးသွား

“လှပလွန်းတဲ့ခရီးလမ်းကို လမ်းမပျောက်ဖူးပဲ ရှာဖွေမတွေ့နိုင်ဘူး” လို့ပြောလေ့ရှိတဲ့ ခရီးသွားတွေဟာ ပိတ်ရက်ဆိုတဲ့အသံ ကြားလိုက်တာနဲ့ ခရီးထွက်ဖို့အဆင်သင့်ပဲ။ သူတို့တွေဟာ သင်္ကြန်တွင်း ခရီးသွားဖို့အတွက် တစ်နှစ်ပတ်လုံးပိုက်ဆံစုကြတယ်။ အလွယ်တကူ ထိုင်းနိုင်ငံကို Shopping ထွက်တာပဲဖြစ်ဖြစ်၊ ပိုက်ဆံအများကြီးရှိရင် ဥရောပအထိ ခရီးနှင်ကြမယ့်သူတွေပါ။

ဖက်ရှင်ကျသူ

သူတို့တွေဟာ သင်္ကြန်မှာ ဝတ်မယ့် ဖက်ရှင်ကို သေသေချာချာ ကြိုတင်ပြင်ထားသူတွေဖြစ်ပါတယ်။ လိုအပ်ရင် shopping ထွက်တယ်၊ သူငယ်ချင်းတွေဆွက တောင်းတယ်။ ဖက်ရှင်ချစ်သူဟာ အင်တာနက် နှင့် Facebook ပေါ်ကဖက်ရှင်တွေကို မှီငြမ်းကာ ရောင်စုံ မျက်မှန်တပ်၊ လက်ထဲမှာ Coca-Cola ခွက်ကိုကိုင်ပြီး အပြတ် လန်းကြမယ့်သူမယ့်သူတွေပေါ့။

ရှာပုံတော်မင်းသားကြီး

သင်္ကြန်ဟာ တစ်ချို့သူတွေအတွက်ကတော့ နှစ်သစ်ကိုကြိုဆိုတာတစ်ခုတည်းမဟုတ်ပဲ ချစ်သူရည်းစားရှာ ဖို့အချိန် ဖြစ်လို့နေပါတယ်။ သူတို့ နှဖူးမှာ ရည်းစားအလိုရှိသည် လို့ရေးထားသလိုလိုပါပဲ။ Crush တွေအများကြီးရှိတဲ့သူ၊ လွယ်လွယ်ကူကူ ချစ်တတ်တဲ့သူတို့ဟာ မဏ္ဍပ်တိုင်း၊ကားတိုင်းမှာ ဖူးစာဖက်ကို ရှာဖွေနေသူတွေဖြစ်ပါတယ်။ နှစ်သစ်အတွက် အချစ်သစ်ပေါ့။

ပွဲတိုင်းကျော်

ဟိုမှာလည်းသူ၊ ဒီမှာလည်းသူ။ မြို့ထဲမှာ လုပ်သမျှ အစီအစဉ်တိုင်းမှာ သူပါဝင်ပြီး နေရာတိုင်းမှာ ရှိချင်သူဖြစ်ပါတယ်။ နှစ်ကိုယ်ခွဲပြီးသာသွားလို့ရရင်သွားမယ့်သူမျိုးပါ။ မဏ္ဍပ်ဆိုလည်း နာရီဝက်လောက်ထိုင်မယ်။ ကားနဲ့လည်း မိနစ် ၄၀ လောက်လည်မယ်။ Coca-Cola Summer Oasis လည်း နာရီဝက်လောက် Coca-Cola အေးအေးလေး ဝင်သောက်ဦးမှာ။ သင် Coca-Cola lounge မှာကြာကြာနေပြီး အထူးဖျော်ဖြေမှုတွေကို ခံစား၊ Happiness Machine မှာလက်ဆောင်တွေယူပြီး Coca-Cola နဲ့အတူ ကြာကြာအနားယူချင်ရင်တောင်မှ Hopper နဲ့သွားရင်ကြာကြာနေရမှာမဟုတ်ပါဘူး။

သင်္ကြန်အချစ်ငှက်များ

တစ်နှစ်လုံး မခွဲပဲအမြဲတွဲနေတဲ့ အချစ်ငှက်လိုစုံတွဲတွေဟာ သင်္ကြန်ကာလအတွင်းမှာလည်း ခွဲနေမှာမဟုတ်ပါဘူး။ စုံတွဲအကျီ ၤဝတ်ပြီး ဘယ်သွားသွား အတူမခွဲတစ်တွဲတွဲနဲ့မို့ အလွယ်တကူမှတ်မိလွယ်နေမှာ သေချာပါတယ်။ သူတို့အတွက် Coca-Cola ဝယ်ပေးရင်တောင် နှစ်ဘူးဝယ်ပေးရမှာ။ မဏ္ဍပ် လက်မှတ်ဝယ်ရင်လည်း နှစ်စောင်။ စွယ်တော်ရွက်လေးလိုပေါ့။

Share

Loading Next Article...
က္က