ရုံးပြန်တက်တဲ့အခါ အာရုံစူးစိုက်မှုကောင်းကောင်းနဲ့လုပ်နိုင်ဖို့ သိထားသင့်တာလေးတွေရှိပါတယ်။


သင်္ကြန်အားလပ်ရက်ရှည်ရပြီး အလုပ်ပြန်တက်ရတဲ့အခါ အဓိက ပြဿနာက အလုပ်ပေါ် တော်တော်နဲ့ အာရုံစိုက်လို့မရတာ ဖြစ်ပါတယ်။ အထူးသဖြင့် ကိုယ်လုပ်နေကျအလေ့အကျင့် ဟန်ချက်ပျက်သွားတာ ဖြစ်ပါတယ်။  ဒီလို အလေ့အကျင့်ကို ချက်ချင်းပြန်ယူဖို့ ခက်နေတာမျိုး ဖြစ်တတ်ပါတယ်။ ရုံးပြန်တက်တဲ့အခါ အာရုံစူးစိုက်မှုကောင်းကောင်းနဲ့လုပ်နိုင်ဖို့ သိထားသင့်တာလေးတွေရှိပါတယ်။

၁ - ဟန်ချက်

နေ့စဉ်အလုပ်နဲ့ ပတ်သက်ပြီး လူတွေမှာ ဟန်ချက်ရှိပါတယ်။ တချို့တွေက မနက်ပိုင်းမှာ အားစိုက်လုပ်တတ်ပြီး နေ့လယ်ဘက်ရောက်ရင် အရှိန်လျော့သွားတတ်ပါတယ်။ တချို့ကတော့ နေ့လယ်ဘက်ရောက်မှသာ အင်တိုက်အားတိုက်လုပ်တတ်ပါတယ်။ ဒီလို ကိုယ့်ရဲ့ ဟန်ချက်ကို အမြန်ဆုံး ပြန်ရအောင် ကြိုးစားသင့်ပါတယ်။ ဒီလိုဟန်ချက်ကို အမြန်ပြန်မရဘူးဆိုရင်တော့ လုပ်ရတာ ထိရောက်မှု မရှိဘဲ အာရုံပျံ့လွင့်မှုတွေ များနေနိုင်ပါတယ်။

 

၂ - အစည်းအဝေး

အရေးကြီး အစည်းအဝေး မဟုတ်ရင် အတတ်နိုင်ဆုံး မတက်ပါနဲ့။ အားလပ်ရက်ရှည်ရပြီး အလုပ်ပြန်တက်ရချိန်မှာ အလုပ်ကို အာရုံစိုက်ဖို့ ခက်ခဲနေပါတယ်။ ဒီအချိန်မှာ အစည်းအဝေးဟာ အလုပ်လုပ်ချင်စိတ်ကို ဖဲ့ယူသွားတတ်ပါတယ်။ အားလပ်ရက်ရထားတာကြောင့် ဖြစ်ပေါ်နေတဲ့ကြည်လင်တဲ့စိတ်နဲ့ အလုပ်လုပ်ချင်စိတ်ကိုလည်း အစည်းအဝေးက တိုက်စားသွားတတ်ပါတယ်။ မလိုအပ်ဘဲ အစည်းအဝေးကို ၁၅ မိနစ်ထက် ရှည်ကြာတာမျိုး မလုပ်သင့်ပါဘူး။

၃ - အချိန်သိပ်မယူနဲ့

လုပ်ရမယ့် အလုပ်တွေအကုန်လုံးကို အချိန်သိပ်မယူဘဲ လုပ်သင့်ပါတယ်။ ဆိုလိုတာက အချိန်ဆွဲတာမျိုး မလုပ်ဖို့ပါ။ အီမေးလ်ရေးစရာ ရှိတယ်ဆိုရင်လည်း တိုတိုပဲ ရေးပါ။ ပြောစရာရှိတာ၊ လုပ်စရာရှိတာတွေ အကုန်လုံးကို အချိန်တိုတိုတွင်း ထိထိရောက်ရောက် လုပ်ပါ။ အချိန်ဆွဲခြင်းဟာ စိတ်ထိုင်းမှိုင်းမှုကိုပါ ဖြစ်လာစေပါတယ်။ အလုပ်နဲ့ ဝေးနေတာကြောင့် ဟန်ချက်ပျောက်နေချိန်မှာ စိတ်ထိုင်းမှိုင်းမှုပါ ဖြစ်ပေါ်တဲ့အခါ လုပ်ရကိုင်ရတာ ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ပါဘူး။

(သင်စိတ်ဝင်စားနိုင်မယ့် ဆောင်းပါး -စက္ကူဘူးနဲ့ ရေနွေးဘယ်လိုကျိုမလဲ )

 

၄ - ဖေ့စ်ဘွတ်နဲ့ ဝေးဝေးနေ

အလုပ်လုပ်ရတာ စိတ်မပါဘူး၊ စိတ်မကြည်ဘူးဆိုပြီး တစ်ယောက်ယောက်နဲ့ အပြန်အလှန် မက်ဆေ့ပို့တာမျိုး ရှောင်ပါ။ ဖေ့စ်ဘွတ်သုံးနေတာမျိုး ရှောင်ပါ။  အလုပ်လုပ်ချင်စိတ် ပိုမို ပျောက်ဆုံးလာပါလိမ့်မယ်။ အလုပ်လုပ်ဖို့ စိတ်မကြည်တဲ့အချိန်မှာ လုပ်ရမယ့် အရာတွေကို စာရင်းချရေးပါ။ စာရင်းအတိုင်း တစ်ခုချင်းလုပ်ပါ။ ပထမတစ်ခုနှစ်ခု ပြီးမြောက်သွားတာနဲ့ အလုပ်လုပ်ချင်စိတ်တွေ ပြန်လည်ရရှိလာတာကို တွေ့ရပါလိမ့်မယ်။

 

၅ - အစီစဉ်ချ

ရုံးရောက်တာနဲ့ အစီစဉ်ချ လုပ်သင့်ပါတယ်။ အရင်ဆုံး ကိုယ့်ရဲ့ အလုပ်ခုံကိုရှင်းသင့်ပါတယ်။ ဖိုင်တွေ၊ စာရွက်စာတမ်းတွေ စတဲ့ ရှုပ်ပွနေတာတွေကို ရှင်းပါ။ရှေ့လာမယ့်ရက်တွေမှာ ဘာတွေလုပ်စရာရှိမလဲ ပြက္ခဒိန်ကို စစ်ပါ။ အရေးကြီးအီးမေးလ် ဘာရှိထားလဲဆိုတာလည်း စစ်ပါ။အားလပ်ရက်မယူခင်က လုပ်ဖို့ရှိတာတွေ၊ လုပ်ဖို့တွေးထားတာတွေ ပြန်စဉ်းစားပါ။ နောက်တော့ အရင်ဆုံးဦးစားပေးလုပ်ရမယ့်အရာငါးခုလောက်ကို စာရင်းချရေးလိုက်ပါ။ ဒီလို ဦးစားပေးစားရင်းလုပ်လိုက်တာဟာ အလုပ်တွေနဲ့ဝေးပြီး ပြန်ထိတွေ့ရတဲ့အခါ ဖြစ်ပေါ်တဲ့ ထိုင်းမှိုင်းမှုကို ပျောက်စေပါတယ်။

Photos & Source: Telegraph

Share

Loading Next Article...
က္က