ကိုယ့်ချစ်သူက ကိုယ့်ဘဝအတွက် တကယ့်လက်တွဲဖော်အစစ် ဟုတ်ပါ့မလား?

ဘဝရဲ့လက်ကျန်နေ့ရက်တွေကို တစ်ယောက်တည်းဖြတ်သန်းနိုင်ဖို့ဆိုတာ မလွယ်လှပါဘူး။ တစ်ယောက်လက်ကို တစ်ယောက်ကိုင်ဆုပ်ထားရင်း မနက်ဖြန်ပေါင်းများစွာကို ဖြတ်သန်းတဲ့အခါ ခွန်အားတွေပိုရှိတာပေါ့။ ဘဝအတွက်အဖော်မွန်ကို ရွေးချယ်ဖို့ဆိုတာကလည်း တော်တော်ကိုစဉ်းစားယူရပါမယ်။ အချစ်ကို ဦးစားပေးနေရုံနဲ့ စိတ်ချမ်းသာရမယ်လို့ မထင်ပါနဲ့။ ကိုယ်လိုချင်တာ၊ ကိုယ်လိုအပ်တာ ဘာလဲဆိုတာကို သိထားဖို့လိုသလို သူ့ဘက်ကရော ဘယ်လိုခံစားထားသလဲဆိုတာလည်း နားလည်ထားရပါမယ်။ ကိုယ့်ချစ်သူက ကိုယ့်ဘဝအတွက် တကယ့်လက်တွဲဖော်အစစ်လားဆိုတာကို ဒီအချက်ငါးချက်လုံးနဲ့ တိုက်ကြည့်ပါဦး။ အိမ်ထောင်ရေးရာအကြံပေး၊ အတိုင်ပင်ခံပုဂ္ဂိုလ်တွေကတော့ ဒီငါးချက်လုံးနဲ့ ကိုုက်ညီနေတဲ့သူဟာ သင့်ဘဝအတွက် လက်တွဲဖော်ဖြစ်ပြီလို့ ဆိုပါတယ်။

 

၁။ ရန်ဖြစ်ပြီးပြန်ချစ်တယ်

စကားများ ရန်ဖြစ်တယ်ဆိုတာ စုံတွဲတိုင်းမှာ ဖြစ်တတ်တဲ့အရာပဲ။ ရန်ဖြစ်ပြီးသွားတဲ့အခါ ကိုယ့်ဘက်ကရော သူ့ဘက်ကပါ အရင်ဆံုံး ပြန်ခေါ်နိုင်ကြတယ်။ အငြှိုးအတေးတွေ မထားကြဘူးဆိုရင် ဒီလိုလူနဲ့ ရေရှည်လက်တွဲဖို့ဆိုတာ စိတ်ချရပါတယ်။

၂။ တစ်ယောက်ကိုတစ်ယောက် ပျော်ရွှင်စေတယ်

ကိုယ့်ကိုယ်ကိုယ်တောင် ပျော်အောင်ထားဖို့ ခက်ခဲတဲ့ဘဝကြီးပါ။ ဒါပေမဲ့ သူ့ကြောင့် ကိုယ်က ပျော်ရွှင်ရတယ်ဆိုရင် သိပ်ကံကောင်းတာပေါ့။ အဲ့ဒီလိုပဲ ကိုယ့်ရဲ့အပြုအမူတွေကိုလည်း သူက နှစ်သက်သဘောကျပြီး ကိုယ့်ကြောင့် သူလည်းပျော်ရွှင်ရတယ်ဆိုရင် မနက်ဖြန်တိုင်းဟာ ခွန်အားတွေအပြည့်ပါပဲ။

 

၃။ အဆင့်ဆင့် ဖြတ်ကျော်ပြီးပြီ

တစ်ယောက်ကိုတစ်ယောက် သိကျွမ်းတယ်၊ နားလည်တယ်၊ အသည်းအသန် ရူးမတတ်ချစ်တယ်၊ ရန်ဖြစ်တယ်၊ ပြန်ချစ်တယ်၊ စိတ်ယိုင်တယ်၊ ဘေးလူတွေကြောင့် အဆက်ပြတ်တယ်၊ ပြီးတော့ နားလည်မှု အပြည့်အဝရသွားကြတယ်။ ဒါတွေက တကယ့်ချစ်သူတိုင်းကြုံရတဲ့အဆင့်တွေ။ ဒါတွေအကုန်လုံးကို ဖြတ်သန်းခဲ့ပြီးပြီဆိုရင်လည်း ဘဝကို အတူလက်တွဲသွားလို့ရပါပြီ။

၄။ သူနဲ့ဆိုရင် အရမ်းကိုသက်သောင့်သက်သာရှိတယ်

အဆင်မပြေတာတွေ ဘယ်လောက်များများ သူ့အနားမှာနေရရင်ကို စိတ်က သက်တောင့်သက်သာဖြစ်နေတာ။ အပူအပင်တွေ လျော့သွားတယ်။ ကိုယ့်ဘဝကိုယ်လည်း ချစ်မြတ်နိုးမိတယ်လို့ ခံစားမိလာပါတယ်။ ဒီခံစားချက်မျိုး နှစ်ယောက်လုံးမှာ ရှိနေရင် နှစ်ယောက်သား အပြန်အလှန်နားလည်မှုရှိတဲ့ ပျော်စရာဘဝလေးကို တည်ဆောက်နိုင်ပါလိမ့်မယ်။

 

၅။ ဘဝရဲ့ရည်မှန်းချက်တွေ ဆင်တူတယ်

သူက စာရေးဆရာဖြစ်ချင်လို့ ကိုယ်ကလည်း စာရေးဆရာ ဖြစ်ချင်တာမျိုးပေါ့။ ဒါမှမဟုတ် သူကလည်း ဘဝကို ဖြည်းဖြည်းမှန်မှန်နဲ့ လောဘနည်းနည်းဖြတ်သန်းချင်တယ်၊ ကိုယ်ကလည်း ဒီလိုစိတ်ထားရှိတယ်။ ဒီလိုဆိုရင် နှစ်ယောက်သားကြားမှာ ရန်ဖြစ်စကားများရတာတွေ နည်းပါးတယ်။ အဆင်ပြေတယ်ပေါ့။ ကိုယ်နဲ့ဝါသနာတူတဲ့ချစ်သူကို ပိုင်ဆိုင်ထားရတာ အတော်လေးစိတ်ချမ်းသာရတာ အမှန်ပါပဲ။

Source : Glamour

Share

Loading Next Article...
က္က