သတို့သမီးဝတ်စုံတွေကို ဒီဇိုင်နာတွေက ပိုမိုလှသထက်လှ၊ ဆန်းသထက်ဆန်းအောင် အမျိုးမျိုး ဖန်တီးချုပ်လုပ်နေကြပါတယ်။ ခုလည်းပဲ သတို့သမီးဂါဝန်တစ်ထည်အကြောင်းကို လူတွေ ပြောနေကြပြန်ပါပြီ။ ပန်းပွင့်လေးတွေ စီခြယ်ထားတဲ့ အနားတွန့်ဂါဝန်လေးဟာ ချစ်စရာကောင်းလှပါတယ်။ ထူးခြားတာကတော့ သူ့ကို ဝါးစားလို့လည်း ရပါသေးတယ်။
Emma Jayne of Emma Jayne အမည်နဲ့ ကိတ်မုန့်ဒီဇိုင်နာတစ်ဦးက သတို့သမီးဂါဝန်ဒီဇိုင်းနဲ့ ကိတ်မုန့်ကို ပြုလုပ်ခဲ့တာပါ။ အရွယ်အစားကလည်း တကယ့်ဂါဝန်ဆိုဒ် ဆိုတော့ မြင်မြင်ချင်းမှာ ဘယ်သူကမှ ဒါကို ကိတ်မုန့်လို့ မထင်ခဲ့ကြပါဘူး။ အဆင့်တန်းမြင့် တန်ဖိုးကြီးဂါဝန်လို့ပဲ ထင်ခဲ့ကြတာပါ။ သတို့သမီးဂါဝန်တစ်ထည်ရဲ့ အရောင်၊ ဒီဇိုင်းနဲ့ အရွယ်အစားအတိုင်း ထပ်တူ ပြုလုပ်ထားတာဖြစ်ပါတယ်။
Alexandra Palace Cake ကိတ်မုန့်ပြိုင်ပွဲမှာ အမ်မာရဲ့ကိတ်မုန့်ဒီဇိုင်းက မြင်သူငေးစရာ ဖြစ်ခဲ့ရပါတယ်။ အင်စတာဂရမ်ပေါ်မှာလည်း ဒီကိတ်မုန့်အကြောင်းကို အမျိုးမျိုး ချီးကျူးနေကြတာ တွေ့ရပါတယ်။ ခုထိတော့ ကိတ်မုန့်ကို ခွဲစိတ်လှီးဖြတ်တာလည်း မလုပ်ရသေးပါဘူး။ ဘယ်သူကများ ဒီအလှအပကို ပျက်စီးအောင် ခွဲချင်မှာတဲ့လဲ..
Source : Metro