ကိုယ့်ကိုယ်ကိုယ်စောင့့်ရှောက်ရင်း အေးချမ်းတဲ့ဘဝကို တည်ဆောက်နေတာဟာ လေးစားအတုယူဖွယ်ရာကောင်းပါတယ်။
 

အသက် ၆၀ အရွယ် Xi Tiangen ဟာ သူ့ရဲ့ဘဝကို ခြေထောက်တွေမရှိဘဲ ဖြတ်သန်းနေရသူပါ။ သူ့ရဲ့မိသားစုကိုလည်း သူ့ရဲ့လက်နှစ်ဖက်နဲ့ ပြုစုစောင့်ရှောက်နေခဲ့တာ နှစ်များစွာ ကြာခဲ့ပါပြီ။ ဘယ်လောက်ပဲ ပင်ပန်းတယ်ဆိုဦးတော့ သူဟာ ဇွဲမလျော့ဘဲ ဘဝကို အကောင်းဆုံးရပ်တည်နေလို့ပြောရင် မှားမယ်မထင်ပါဘူး။

 

အဘိုးအို စီဟာ အသက် ၁၉ နှစ်အရွယ်မှာ မတော်တဆမှုတစ်ခုနဲ့ကြုံရပြီး ခြေထောက်နှစ်ဖက်လုံးကို ဆံုံးရှုံးသွားခဲ့ရပါတယ်။ အိပ်ရာကထပြီး အိမ်သာသွားဖို့ကိုတောင်မှ သူကိုယ်တိုင်မလုပ်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့လည်း ဇွဲမလျှော့တဲ့စီက လက်နှစ်ဖက်မှာ လက်အိတ်တွေတပ်ပြီး ဟိုဟိုဒီဒီကို လက်ထောက်ကာလျှောက်ခဲ့ပါတယ်။

 

၁၉၈၉ ခုနှစ်မှာတော့ စီရဲ့ဖခင်က သေဆုံးသွားခဲ့တာကြောင့် သူ့ရဲ့မိသားစုအရေးကို သူက ပုခုံးပြောင်းတာဝန်ယူခဲ့တော့တယ်။ စီရဲ့မိခင်နဲ့ စိတ်ကျန်းမာရေးမကောင်းတဲ့ညီဖြစ်သူတို့က အလုပ်မလုပ်နိုင်ကြဘူးလေ။ အဲ့ဒီနောက်မှာတော့ လက်နှစ်ဖက်တည်းကို အားစိုက်ကာ သူတို့ရဲ့လယ်ယာအလုပ်ကို စီက ဆက်လက်လုပ်ဆောင်ခဲ့သလို အိမ်မှုကိစ္စတွေကအစ လုပ်ကိုင်လာခဲ့တာ ခုထိပါပဲ။

 

လယ်ယာအလုပ် လုပ်ပြီး ပြန်လာတဲ့အခါ အိမ်မှာ ချက်ပြုတ်လျှော်ဖွပ်တာတွေလည်း သူပဲလုပ်ရပါတယ်။ ၂၀၀၆ ခုနှစ်မှာတော့ စီရဲ့မိခင်သေဆုံးသွားခဲ့ပါတယ်။ နောက်ထပ် ၉ နှစ်အကြာမှာ ညီဖြစ်သူကလည်း ကွယ်လွန်သွားခဲ့လို့ အသက် ၆၀ ကျော် အဖိုးအိုဟာ တစ်ကိုယ်တည်းအထီးကျန်ခဲ့ရှာပါတယ်။ မောင်နှမဝမ်းကွဲတွေက အတူနေဖို့ခေါ်ကြပေမဲ့ စီကတော့ သူ့ရဲ့လက်နှစ်ဖက်နဲ့ပဲ လယ်လုပ်ရင်း ကိုယ့်ကိုယ်ကိုယ်စောင့့်ရှောက်ရင်း အေးချမ်းတဲ့ဘဝကို တည်ဆောက်နေတာဟာ လေးစားအတုယူဖွယ်ရာကောင်းပါတယ်။

Source : People's Daily

Share

Loading Next Article...
က္က