တစ်ဦးနဲ့ တစ်ဦးခင်မင်ပေမယ့် တွေ့တဲ့အခါကျရင် မဝံ့မရဲဖြစ်နေတာမျိုး ရှိတတ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ထင်သလောက် မရင်းနှီးသလို ဖြစ်နေပါတယ်။ ဒီလိုဖြစ်နေတယ်ဆိုရင်တော့ နှစ်ယောက်သားတွေ့ဆုံဖို့နဲ့ ပတ်သက်ပြီး အကြံညဏ်လေးပေးချင်ပါတယ်။
၁ - ဝါသနာ
ဝါသနာပါရာကို လုပ်နေတဲ့အချိန်မှာ တွေ့တာအကောင်းဆုံး ဖြစ်ပါတယ်။ သင့်ဝါသနာက မနက်စောစော ထပြေးတာဆိုရင် မနက်ခင်းပြေးဖို့ချိန်းရင်း တွေ့ကြတာ ဖြစ်ပါတယ်။ ကိုယ်နှစ်သက်ရာကို လုပ်ရတဲ့ အချိန်မှာ တွေ့ရတဲ့ အတွက် စိတ်က ရွှင်မြူးနေတာပါ။ သင်ဝါသနာပါရာနဲ့ ပတ်သက်တဲ့နေရာမှာ တွေ့တဲ့အတွက် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလည်း ရှိပါတယ်။ သင်ဝါသနာပါရာနေရာမှာ မတွေ့ရဘူးဆိုရင်တောင်မှာ သူဝါသနာပါရာနေရာမှာ တွေ့ပါ။ တစ်ဖက်က သင်နဲ့ တွေ့ရင် ရှိန်နေတာ၊ မဝံ့မရဲ ဖြစ်နေတာတွေရှိရင် သူဝါသနာပါရာနေရာမှာ တွေ့ဖို့ တိုက်တွန်းပါ။ တိုက်ရိုက်တော့ မဟုတ်ပါဘူး။ သွယ်ဝိုက်ပြီးတိုက်တွန်းရမှာပါ။
၂ - စာအုပ်ဆိုင်၊ စာကြည့်တိုက်
စာအုပ်အငှားဆိုင်တွေ တွင်ကျယ်တဲ့ ခေတ်ကို အရမ်းငယ်တဲ့ ဒီဘက်ခေတ်လူငယ်တွေဆို မမီတော့ပါဘူး။ အရင်က ရန်ကုန်မြို့ပေါ်က စာအုပ်အငှားဆိုင်တွေဟာ စာအုပ်အရောင်းဆိုင်လောက်ကြီးတဲ့ ဆိုင်တွေရှိပါတယ်။ စာအုပ်တွေကြည့်ရင်း၊ ငှားရင်း တစ်ယောက်နဲ့တစ်ယောက်ဆုံရတာ အဆင်ပြေပါတယ်။ အကြာကြီး သူ့နားမှာ ရစ်ဝဲနေနိုင်တာပါ။ စာအုပ်ဆိုင်မှာ၊ စာကြည့်တိုက်မှာ တွေ့တဲ့အခါ သူဖတ်တဲ့စာအုပ်အကြောင်း ပြောရင်း၊ ကိုယ်ဖတ်တဲ့စာအုပ်အကြောင်းပြောရင်းနဲ့ တစ်ယောက်နဲ့ တစ်ယောက်ကြား ပြောစရာစကားလည်း မရှားပါဘူး။
(သင်စိတ်ဝင်စားနိုင်မယ့်ဆောင်းပါး - အစာအိမ်ထဲမှာဘာမှမရှိသေးဘဲ အရင်ဆုံးမစားသင့်တဲ့အရာ (၇) ခု)
၃ - သီချင်း
သူကြိုက်တဲ့ သီချင်းတွေဖွင့်တဲ့ဆိုင်မှာ ထိုင်တာ၊ ကိုယ်ကြိုက်တဲ့ သီချင်းတွေ ဖွင့်တဲ့ ဆိုင်မှာ ထိုင်တာမျိုးပါ။ စာအုပ်ဆိုင်လိုပါပဲ နှစ်ယောက်သား သီချင်းတွေအကြောင်းပြောရင်း ပြောစရာတွေရှိလာမှာပါ။ ကော်ဖီကောင်းတယ်၊ အစားအသောက်ကောင်းတယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပါပဲ။ အရမ်းကြီး ရိုမန်တစ်ဖြစ်တဲ့ ဆိုင်မျိုးရွေးမယ်ဆိုရင်လည်း သတိထားပါ။ ဆိုင်က အရမ်းရိုမန့်ဖြစ်နေတာကြောင့် တစ်ယောက်ကို တစ်ယောက် ပိုရှိန်သွားနိုင်ပါတယ်။
၄ - ဒီနေရာမှာ မတွေ့နဲ့
နှစ်ယောက်စလုံး ဝေးတဲ့နေရာ၊ နှစ်ယောက်စလုံး စိတ်ဝင်စားခြင်းမရှိတဲ့ နေရာမှာ တွေ့မယ်ဆိုရင် စဉ်းစားပါ။ သင်ရော သူရော သက်သောင့်သက်သာမဖြစ်ဘဲ ရှိနေနိုင်ပါတယ်။
Photos : Bustle