ဈေးမှာဝယ်ရတာထက် စူပါမားကတ်မှာ ဝယ်ရတာက အများကြီး သက်တောင့်သက်သာရှိပါတယ်။ သန့်ရှင်းမှုလည်းရှိပြီး စိတ်အေးလက်အေး ဝယ်လို့ရတယ်လေ။ အထူးသဖြင့် စားစရာတွေဆိုရင် စူပါမားကတ်တွေမှာက သေသေချာချာ သန့်စင်ထုပ်ပိုးထားတာမို့ ကျန်းမာရေးပိုင်းအရဆိုရင် ပိုကောင်းပါတယ်။ ဒါပေမဲ့ စူပါမားကတ်မှာ မဝယ်သင့်တဲ့ အစားအသောက်တွေလည်း ရှိပါတယ်။
၁။ ဟင်းရွက်
ဘက်တီးရီးယားအကြောင်းနားလည်ကျွမ်းကျင်တဲ့ ပညာရှင်တွေက စူပါမားကတ်တွေမှာရောင်းတဲ့ ဟင်းရွက်တွေကို မဝယ်ဖို့ သတိပေးကြပါတယ်။ အထုပ်ပေါ်မှာ "အသင့်စားရန်"လို့ စာကပ်ထားပေမဲ့ လူကိုဘေးဖြစ်စေတဲ့ ဘက်တီးရီးယားတွေ ပါဝင်နိုင်ပြီး အူလမ်းကြောင်းဆိုင်ရာရောဂါတွေ ဖြစ်နိုင်ပါတယ်။ အပူပေးတာကလွဲရင် အရွက်မှာကပ်ငြိနေတဲ့ ဘက်တီးရီးယားတွေကို ရှင်းလင်းလို့မရပါဘူး။ ဟင်းသီးဟင်းရွက်တွေ သစ်သီးဝလံတွေကို ဝယ်လာပြီးတိုင်း စင်အောင်ဆေးရပါမယ်။
၂။ ဝက်အူချောင်း
ဝက်အူချောင်း၊ ဝက်ပေါင်ခြောက်နဲ့ ကြာရှည်ခံအောင်ပြုပြင်ထားတဲ့ အသားတွေဟာ ကင်ဆာဖြစ်စေနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ထုတ်ပြန်ကြေညာထားပါတယ်။ ပြုပြင်ပြောင်းလဲထားတဲ့အသားတွေမှာ ပါဝင်တဲ့ နိုက်ထရိုက် (nitrites)က လူကို ဘေးဥပါဒ်ဖြစ်စေပါတယ်။ ကျပ်တိုက်ထားတဲ့အသားတွေ၊ အသားကင်တွေမှာလည်း ကင်ဆာဖြစ်စေတဲ့ benzopyrene ပါဝင်ပါတယ်။ အသားကို ကိုယ့်ဘာသာပြုလုပ်စားသောက်တာက အကောင်းဆုံးပါပဲ။
၃။ ဟင်းခတ်အမွှေးအကြိုင်
ကြိတ်ထားတဲ့ ဟင်းခတ်အမွှေးအကြိုင်အမှုန့်တွေကလည်း စူပါမားကတ်မှာဝယ်ရင် အကောင်းဆုံးအနေအထားကိုရဖို့ ခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဈေးသက်သာတဲ့အမှတ်တံဆိပ်တွေမှာ အရောအနှောတွေ ပါဝင်နေလို့ဖြစ်ပါတယ်။ မကြိတ်ရသေးတာကိုဝယ်ပြီး ချက်ခါနီးမှ အိမ်မှာ ကိုယ့်ဘာသာကြိတ်ထည့်တာက ဟင်းအရသာကို ပိုပေါ်လွင်စေပါတယ်။
၄။ ပေါင်မုန့်
စူပါမားကတ်မှာ ရောင်းချနေတဲ့ ပေါင်မုန့်တွေဟာ ကြာရှည်ခံအောင်လို့ ဓာတုဗေဒပစ္စည်းတွေနဲ့ ထည့်သွင်းပြုလုပ်ထားတာတွေပါ။ အဲ့ဒီအခါမှာ ပေါင်မုန့်က ကြာကြာအထားခံပြီး အင်းဆက်ပိုးမွှားတွေလည်း မကပ်ငြိတော့ပါဘူး။ ဒါပေမဲ့ လူတွေအတွက်လည်း စားသုံးရင် ကျန်းမာရေးအတွက်မကောင်းပါဘူး။ ပေါင်မုန့်ဆိုတာမျိုးက ပေါင်မုန့်ဆိုင်လေးတွေမှာ ပူပူနွေးနွေးဝယ်စားရတာ ပိုအရသာရှိသလို ပိုစိတ်ချရပါတယ်။
Source : Bright Side