ခရီးသွားလို့ ခေါ်သွားချင်ရင်တော့ ခွေးအတွက်ထုတ်ထားတဲ့ dry shampoo တွေက အဆင်ပြေတယ်။
 

ချစ်လွန်းလို့ ဂရုတစိုက်မွေးထားရတဲ့ ခွေးလေးတွေကို ဘယ်အချိန် ရေချိုးကြလဲလို့ မေးတဲ့အခါ အချို့က တစ်ပတ်တစ်ကြိမ်၊ အချို့က နှစ်ပတ်တစ်ကြိမ်လို့ ဖြေကြပါတယ်။ ညစ်ပတ်သွားအောင် ဆော့လိုက်ရင်တော့ ချက်ချင်းချိုးပေးရတာပေါ့။ ခွေးတွေဟာ အမျိုးအစား၊ အသက်အရွယ်အလိုက် ရေချိုးပေးရတာခြင်း ကွာပါတယ်။

(က) ပေါက်စလေးတွေ

အရွယ်မရောက်သေးတဲ့ ခွေးပေါက်စ ပါပီလေးတွေက ရေခဏခဏချိုးပေးရဆုံးပါပဲ။ ဘာကြောင့်လဲဆိုတော့ ဒီအရွယ်လေးတွေက အရမ်းကိုဆော့ကစားတတ်ပြီး စပ်စုတတ်တော့ ချောင်ကြိုချောင်ကြားတွေထဲ လျှောက်တိုးတတ်တယ်လေ။ မြေကြီး၊ သဲတွေ တွေ့လိုက်ရင်လည်း လူးလိုက်ချင်သေး။ သူတို့ခန္ဓာကိုယ်ကလည်း သွားရေနံ့လို အနံ့တွေထွက်နေတတ်ပါသေးတယ်။ အနံ့ထွက်လာ၊ ညစ်ပတ်လာလို့ ရေချိုးမှဖြစ်မယ်ဆိုတော့လည်း ချိုးပေးလိုက်ပါ။

 

(ခ) အရွယ်ရောက်ပြီး

အရွယ်ရောက်ပြီးခွေးတွေကို ညစ်ပတ်မှ၊ လိုအပ်မှသာ ရေချိုးပေးပါ။ ဘာကြောင့်လဲဆိုတော့ သူတို့က သူတို့ကိုယ်သူတို့ သန့်ရှင်းရေးလုပ်တတ်နေပါပြီ။ တစ်ပတ်တစ်ခါထက် ပိုမချိုးပေးသင့်ပါဘူး။ မလိုအပ်ဘဲ ရေခဏခဏချိုးပေးရင် အမွှေးတွေကျွတ်ကုန်ပါလိမ့်မယ်။

 

(ဂ) အမွေးအတို/အရှည်အလိုက်

ကိုယ့်ရဲ့ခွေးလေးက အမွေးရှည်တဲ့အမျိုးမို့ မကြာခဏ ရေချိုးပေးဖို့ မလိုအပ်ပါဘူး။ သူတို့အမွေးတွေက စေးကပ်လာတော့မှ၊ အနံ့တွေထွက်လာတော့မှ ဒါမှမဟုတ် ညစ်ပတ်လာမှသာ ရေချိုးပေးရမှာဖြစ်ပါတယ်။ အမွေးတိုတာ ရှည်တာနဲ့မဆိုင်ဘဲ တစ်ပတ်တစ်ကြိမ် ရေချိုးပေးရုံနဲ့တင် လုံလောက်ပါတယ်။

ှSource : Knows

Share

Loading Next Article...
က္က