တကယ်တော့ အဲဒီလိုဖြစ်ရခြင်းရဲ့ အကြောင်းအရင်း နှစ်မျိုးရှိတယ်ဆိုပဲ။

Science-for-Kids-Oil-Water-Detergent-Experiment1.jpg 

ဆီနဲ့ရေ ရောလို့မရတဲ့သဘာဝကိုတော့ အားလုံး သိကြပြီးသားပါ။ ဒါပေမဲ့ ဘာကြောင့် အဲဒီလိုရောလို့ မရတာလဲဆိုတာတော့ ကျွန်တော်တို့တွေ စဉ်စားမိမယ်မထင်ဘူးဗျ။ ဘာကြောင့်လဲဆိုတော့ ဟင်းအိုးတွေထဲမှာ ဆီကွက်တာတွေ၊ ရေပေါ်မှာ ဆီဝေ့နေတာတွေ၊ လက်ကိုဆီပေတဲ့အခါ ရေဆေးချလို့ မရတာတွေက နေ့စဉ်လိုလို ကြုံတွေ့နေကြရတာဆိုတော့ လူ့စိတ်လူ့သဘာဝအရ ဒါဟာ သဘာဝပါပဲလို့ မှတ်ထား တတ်ကြတယ်ဗျ။

 

တကယ်တော့ အဲဒီလိုဖြစ်ရခြင်းရဲ့ အကြောင်းအရင်း နှစ်မျိုးရှိတယ်ဆိုပဲ။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာရှိတဲ့ အရာဝတ္ထုတိုင်းဟာ မော်လီကျူး(molecule) လို့ခေါ်တဲ့ အလွန်ကိုသေးငယ်တဲ့ အမှုန်သေးသေးလေးတွေနဲ့ ဖွဲ့စည်းထားတာဗျ။ ဒါတွေပေါ်မူတည်ပြီးတော့ ဓာတ်ပြုတာတွေ၊ တုံ့ပြန်တာတွေ၊ ပြိုကွဲတာတွေ၊ ပျက်စီးတာတွေ၊ ဖြစ်တည်တာတွေ၊ ပေါင်းစည်းတာတွေ၊ မပေါင်းစည်းတာတွေ စတဲ့စတဲ့ မတူညီတဲ့ အကြောင်းအချက်တွေ ဖြစ်လာရတာဗျ။ ဆိုလိုတာကတော့ဗျာ ဖွဲ့စည်းထားတဲ့ မော်လီကျူး အနည်းအများပေါ် မှုတည်ပြီးတော့ သိပ်သည်းမှုကအစ ကွဲပြားမှုအမျိုးမျိုးဖြစ်ပေါ်လာရတယ်ပေါ့ဗျာ။

 

အခုလည်း ရေနဲ့ဆီက ဖွဲ့စည်းထားတဲ့မော်လီကျူး အနည်းအများမတူညီကြဘူးဗျ။ ဘယ်လောက်တောင် ကွဲပြားနေလဲဆိုရင် ရေတစ်ဖန်ခွက်မှာ မော်လီကျူးပါဝင်မှုနှုန်းက စကြာဝဠာထဲက ကြယ်တွေထက်တောင် များနေတယ်ဆိုပဲဗျ။ ဆီနဲ့ရေနှိုင်းယှဉ်ကြည့်လိုက်ရင်လည်း သိပ်ကို ကွာခြားနေတဲ့အတွက် ရေထက် ဆီဟာ သိပ်သည်းဆပိုနည်းသွားတယ်ဗျ။ ဆိုလိုတာက ဆီမှာရှိတဲ့မော်လီကျူးက ရေမှာရှိတဲ့မော်လီကျူးထက် နည်းနေတယ်ပေါ့ဗျာ။ ဒါကြောင့် ဆီတွေဟာ ဘယ်တော့ပဲကြည့်ကြည့် ရေပေါ်မှာ ပေါလောတက်နေကြတာဗျ။

 

နောက်တစ်မျိုးကတော့ သူတို့မှာပါဝင်တဲ့ လျှပ်စစ်ဓာတ်အား (charge)တွေရဲ့ ဆန့်ကျင်မှုသဘောတွေကြောင့် ဆိုပဲဗျ။ ဆိုလိုတာကတော့ဗျာ မော်လီကျူးတစ်ခုရဲ့ အစွန်းတစ်ဖက်မှာ အဖိုဓာတ်ဆောင်တဲ့ လျှပ်စစ်ဓာတ်အား ရှိနေပြီး အခြားအစွန်းတစ်ဖက်မှာ အမဓာတ်ဆောင်တဲ့ လျှပ်စစ်ဓာတ်အားရှိနေတယ်ပေါ့ဗျာ။ ရေရဲ့ မော်လီကျူး တွေက လျှပ်စစ်ဓာတ်အား အဖိုရော အမရောပါတဲ့ အစွန်းနှစ်ဖက်ရှိ ပိုလာမော်လီကျူး (polar molecule) တွေဖြစ်ပြီး ဆီရဲ့ မော်လီကျူးကတော့ လျှပ်စစ်အမပတ်လမ်းတစ်ခုသာရှိတဲ့ နန်းပိုလာမော်လီကျူး (non-polar molecule) တွေပေါ့ဗျာ။

 

အဲဒီမော်လီကျူးတွေရဲ့ထူးခြားချက်က မျိုးတူတာချင်းပဲ ပျော်ဝင်နိုင်တဲ့ဂုဏ်သတ္တိရှိတယ်ဆိုပဲဗျ။ ဒါကြောင့် ရေရဲ့ပိုလာမော်လီကျူးနဲ့ ဆီရဲ့နန်းပိုလာမော်လီကျူးတို့ဟာ မျိုးမတူတဲ့အတွက် မပျော်ဝင်နိုင်ကြဘူးပေါ့ဗျာ။ ခွက်တစ်ခုထဲမှာ ဆီနဲ့ရေထည့်ပြီး မွှေကြည့်မယ်ဆိုရင်လည်း ကျွန်တော်တို့ ဘယ်လောက်ပဲမွှေမွှေ သူတို့နှစ်ခုက ရောနှောသွားခြင်းမရှိဘူးဗျ။ အဲဒီလိုပဲ ဆီပေနေတဲ့အရာတွေကို ဆေးကြောတဲ့အခါမှာလည်း ရေချည်းပဲသုံးလို့ မရဘဲ ဆပ်ပြာတို့၊ ကြေးချွတ်ဆေးတို့ သုံးပြီး ဆေးကြောမှသာ အဆင်ပြေတာပေါ့ဗျာ။

Ref : Questacon

Share

Loading Next Article...
က္က