အလုပ်ထဲမှာ မုန့်မစားရဘူးလို့တော့ ကြေညာထားတာပဲ။ ဒါပေမဲ့ ကိုယ့်အလုပ်စားပွဲရဲ့ အံဆွဲထဲမှာ သရေစာမုန့်လေးတွေတော့ ထားဖြစ်ကြတယ်။ အလုပ်လုပ်ရင်း အဆာပြေစားဖို့ဖြစ်ဖြစ်၊ အပျင်းပြေဝါးဖို့ဖြစ်ဖြစ်ပေါ့။ ဒီလို သရေစာလေးတွေကတော့ အလုပ်လုပ်ရင်းစားဖို့ အကောင်းဆုံးပါပဲ။
၁။ ချောကလက်
ချောကလက်ဆိုတဲ့နေရာမှာ အဆီနဲ့အချိုနည်းတဲ့ ချောကလက်နက်ကို စားမယ်ဆိုရင် အကောင်းဆုံးပေါ့။ ချောကလက်စားရတာ စိတ်ခံစားချက်ကိုလည်း ကောင်းစေတယ်လေ။ နှလုံးကိုလည်း အထောက်အကူကောင်းဖြစ်စေတယ်။
၂။ ပဲလှော်
ကုလားပဲကို လှော်ထားတဲ့ အထုပ်လေးတွေ ရှိပါတယ်။ ကြော်ထားတာကို မရွေးပါနဲ့။ အလုပ်လုပ်နေချိန်မှာ ဗိုက်မဆာဘဲ တစ်ခုခုကို ဝါးချင်နေတယ်ဆိုရင် ကုလားပဲလှော်ကို ဝါးနေတာ ကောင်းပါတယ်။ ကုလားပဲစားရင် အစာစားလိုစိတ်ကို လျော့ကျစေတယ်လို့ သြစတြေးလျသုတေသီတွေက ဆိုဖူးပါတယ်။
၃။ သစ်သီးနဲ့ အခွံမာသီး
လတ်ဆတ်တဲ့ သစ်သီးတွေကို စားမယ်ဆို အကောင်းဆုံးပေါ့။ ဒါမှမဟုတ်လည်း သစ်ကြာသီး၊ အယ်လ်မွန်သီးတို့လို အခွံမာသီးတွေ အစေ့အဆန်တွေ စားရင်လည်း ကောင်းပါတယ်။ ဗီတာမင် E ပါဝင်ပြီး ခန္ဓာကိုယ်အတွက် ကောင်းကျိုးပေးတယ်လေ။
Source : Motto