အိပ်မပျော်လို့ ဖေ့စ်ဘွတ်သုံးမယ်ဆို မိုးလင်းသွားလိမ့်မယ်။ ပြန်အိပ်ဖို့ လမ်းစမရှိတော့ဘူး။
 

အိပ်ရေးဝ၀ အိပ်ရမယ်။ ဒါမှ အလုပ်ကောင်းကောင်းလုပ်နိုင်မယ်၊ အာရုံကြည်လင်မယ်။ ဒါကိုသိတယ်။ ခက်တာက တော်တော်နဲ့ အိပ်မပျော်တာပဲ။ ပိုပြီးခက်တာကတော့ အိပ်ပျော်ပြီး တစ်ရေးနိုးပြီးရင် ပြန်အိပ်မရတော့ဘူး။ ဒီလိုနဲ့ မိုးလင်းသွားရော။ ညတစ်ရေးနိုးပြီး ပြန်အိပ်လို့မရတော့တာမျိုး မဖြစ်ချင်ရင် ဒါတွေကို မလုပ်ဖို့ လိုပါမယ်။

၁။ အိပ်ရာထဲမှာ ဆက်နေတာ

လူက အိပ်မရတော့ဘူး။ အိပ်ရာကမထဘဲ ပြန်အိပ်ပျော်ဖို့ ကြိုးစားတာလည်း မရဘူး။ ဒါဆိုရင် အိပ်ရာကထပြီး သီချင်းငြိမ့်ငြိမ့်လေးဖွင့်လိုက်။ ဒါဆိုရင် ပြန်အိပ်ပျော်နိုင်တယ်။ အကြောလေးဘာလေးလည်း ဆန့်လိုက်ဦး။ ဦးနှောက်ကို အလုပ်ပေးမယ့် စာဖတ်တာ၊ တွေးတောတာတွေတော့ မလုပ်မိပါစေနဲ့။

 

၂။ ဆေးလိပ်သောက်တာ

ဆေးလိပ်သောက်တဲ့အချိန်မှာ ဦးနှောက်က လျှောက်တွေးနေမိတယ်။ ပြီးတော့ ဆေးလိပ်မှာပါတဲ့ နီကိုတင်းကလည်း ဦးနှောက်နဲ့အဆုတ်ကို ဆိုးကျိုးသက်ရောက်သွားတော့ စိတ်ခံစားချက်တွေ ပုံမှန်မဟုတ်တော့ပြန်ဘူး။ အဲ့ဒီအခါ ပြန်အိပ်ဖို့ ခက်သွားတယ်။

၃။ အီလက်ထရောပစ္စည်းတွေ

တီဗွီ၊ ကွန်ပျူတာတွေ ဖွင့်ထားရင် ပိတ်လိုက်ပါ။ ဖုန်းကိုလည်း ဖွင့်မကြည့်ပါနဲ့။ အိပ်မပျော်လို့ ဖေ့စ်ဘွတ်သုံးမယ်ဆို မိုးလင်းသွားလိမ့်မယ်။ ပြန်အိပ်ဖို့ လမ်းစမရှိတော့ဘူး။ အီလက်ထရောနစ်ပစ္စည်းတွေကနေ ထုတ်လွှတ်တဲ့ အလင်းရောင်ဟာ အိပ်စက်ခြင်းကို အနှောက့်အယှက်ပေးပါတယ်။

 

၄။ သရေစာ

တစ်ရေးနိုးလာလို့ ရေခဲသေတ္တာဖွင့်ပြီး သရေစာလေးတွေစားလိုက်ရင်လည်း ပြန်အိပ်ပျော်ဖို့ ခက်သွားပါတယ်။ အိပ်နေရမယ့်အချိန်မှာ အစာခြေစနစ်က အလုပ်လုပ်ရတော့ ပြန်အိပ်လို့မရတော့ဘူး။

၅။ မီးတွေမဖွင့်နဲ့

ဒါ့အပြင် မီးတွေကိုလည်း မဖွင့်ပါနဲ့။ ညအိပ်တဲ့အချိန်မှာ ဖွင့်ထားတဲ့ မီးမှိန်မှိန်လေးအတိုင်းပဲ ဆက်နေပါ။ မီးတွေဖွင့်လိုက်လို့ လင်းထိန်သွားတဲ့အခါ မျက်စိကျိန်းပြီး အိပ်ချင်စိတ် ပျောက်သွားနိုင်ပါတယ်။

Source : NY Post

Share

Loading Next Article...
က္က