" စားရမှာလည်း သဲတရှပ်ရှပ်၊ ပစ်ရမှာလည်း အဆီတဝင်းဝင်း" ဖြစ်မနေပါနဲ့။ ဒီကားမဟုတ်လည်း တခြားကားတွေအများကြီး....

ကားတစ်စီးကို စဝယ်တော့မှာပဲဖြစ်ဖြစ် ကားသစ်တစ်စီး ထပ်ဝယ်မှာဖြစ်ဖြစ် စိတ်လှုပ်ရှားစရာတော့ ကောင်းပါတယ်။ ကားတစ်စီးဝယ်မယ်ဆိုရင် စစ်ဆေးရတာတွေ ချင့်ချိန်ရတာတွေလည်း များတာကိုး။ တကယ်လို့ ကားဝယ်မယ်လို့ ကြံရွယ်နေပြီဆိုရင် ဒါလေးတွေ အရင်ဖတ်ကြည့်ပါဦး။

 

၁။ အချိန်ပေးပါ

ပထမဆုံး အနေနဲ့ ကားရဲ့အပြင်ပိုင်းကို အသေးစိတ် စစ်ဆေးရပါမယ်။ ထိခိုက်ထားတာတွေ ရှိ၊မရှိနဲ့ ဆေးတွေပွန်းပဲ့နေလားဆိုတာကိုု အရင်ဆုံးစစ်ဆေးပါ။ အလျှင်စလို မစစ်ဆေးပါနဲ့။ သေသေချာချာ အချိန်ယူပြီး ကြည့်ရှုစစ်ဆေးရမှာ ဖြစ်ပါတယ်။ အပေါ်ယံကြည့်ပြီး သဘောကျလို့ ဝယ်လိုက်ကာမှ နောက်ပိုင်းကျမှ ပြစ်ချက်တွေ တွေ့လာရင် ကိုယ်ပဲစိတ်ရှုပ်ရမယ်မဟုတ်လား။

၂။ စက်ပိုင်းဆိုင်ရာ

ကားတစ်စီးရဲ့ စက်ပိုင်းဆိုင်ရာတွေ စစ်ဆေးနိုင်ဖို့အတွက် အဓိကကျတဲ့အရာတွေဖြစ်တဲ့ အင်ဂျင်ဝိုင်၊ ဂီယာဝိုင်၊ cooland အရည်၊ ဘရိတ်ဆီတွေရဲ့အရောင်တွေကို စစ်ဆေးရပါမယ်။ ချွတ်ယွင်းနေတာတွေ တွေ့ခဲ့ရင် ပြင်ဆင်ဖို့လိုမယ်ဆိုရင် ရောင်းသူဘက်က ပြင်ပေးမလားဆိုတာ တစ်ခါတည်းမေးထားပါ။ ကိုယ့်ဘာသာပြင်ရင် ဒီ့ထက်မက ကုန်နိုင်တာမို့ ရောင်းသူဘက်က ပြင်စရိတ်လျှော့ပေးတာမျိုးဟာ တကယ်တမ်းမှာ ကိုယ့်အတွက်နစ်နာရပါတယ်။

 

၃။ နောက်ကြောင်းရှင်းလား

ကားရဲ့အမည်ပေါက်၊ မှတ်ပုံတင်ပြောင်းလဲမှုနောက်ကြောင်းတွေ၊ ပြင်ဆင်ခဲ့တာတွေကိုလည်း မေးမြန်းထားပါ။ ရောင်းသူရဲ့နောက်ကြောင်းကိုလည်း စုံစမ်းဖို့ လိုပါတယ်။ ပွဲစားနဲ့ ရောင်းသူပြောသမျှကို မျက်စိမှိတ်မယုံပါနဲ့။ နောက်ကြောင်းမရှင်းတဲ့ကားတစ်စီးကို ဝယ်မိပြီဆိုရင် ကိုယ့်ကိုပါ ဆက်နွှယ်လာနိုင်တယ်လေ။

၄။ အသံတွေနားထောင်

ရောင်းတဲ့လူပြောသမျှ သေသေချာချာ မှတ်ထားပါ။ သူပြောတဲ့စကားကိုက ရှေ့နောက်မညီဘူးဆိုရင် ကိုယ်ကထောက်ပြပြီး ပြစ်ချက်ရှာတွေ့ရင် ဈေးထပ်ဆစ်လို့ရတယ်။ ကားကိုစမ်းသပ်မောင်းနှင်နေချိန်မှာ ပြင်ပအသံတွေကို လုံးဝနားမထောင်မိပါစေနဲ့။ သီချင်းကိုလည်း မဖွင့်ပါနဲ့။ ကားရဲ့အသံကိုသာ နားစိုက်ထောင်ဖို့ အရေးကြီးပါတယ်။

 

၅။ စိတ်ချရတဲ့နေရာ

ကားကို စမ်းမောင်းမယ်၊ အသေးစိတ်စစ်ဆေးချင်တယ်ဆိုရင် ကိုယ့်အတွက်လုံခြုံစိတ်ချရတဲ့နေရာမှာ စစ်ဆေးပါ။ ဝယ်ဖို့ သဘောတူပြီးပြီ၊ အပြီးသတ် ငွေချေတော့မယ်ဆိုလည်း စိတ်ချရတဲ့နေရာကို ရွေးချယ်ပါ။ လူပြတ်တဲ့နေရာတွေကို မရွေးသင့်ပါဘူး။ တကယ်လို့ စိတ်ထဲမှာ မသန့်ဘူးလို့ ခံစားနေတယ်ဆိုရင် " စားရမှာလည်း သဲတရှပ်ရှပ်၊ ပစ်ရမှာလည်း အဆီတဝင်းဝင်း" ဖြစ်မနေပါနဲ့။ ကားတွေပေါပါတယ်။ ဒီတစ်စီးမဟုတ်လည်း ဒီ့ထက်ပိုကောင်းတာတွေ အများကြီးရှိတယ်ဆိုတာ သတိရပါ။

Source : 7Day Cars

Share

Loading Next Article...
က္က