မျက်နှာလေး ကြည်လင်ပြီး ဘာအဖုမှမရှိတဲ့လူတွေကိုမြင်ရင် အားကျလိုက်တာလေ။ ကိုယ့်မျက်နှာမှာတော့ဖြင့် ဝက်ခြံပေါက်လို့ ကျန်ခဲ့တဲ့အမာရွတ်နဲ့ ဘယ်ကဘယ်လို ရောက်လာမှန်းမသိတဲ့ အမည်းစက်တွေနဲ့ သိပ်စိတ်ညစ်ရတာပဲ။ သွားစရာလာစရာရှိရင် မျက်နှာပေါ်က အပြစ်အနာအဆာတွေကို ဖုံးကွယ်နေရတာလည်း အလုပ်တစ်ခုပါပဲ။ ဒီလိုမျိုး ဖုံးကွယ်နိုင်ဖို့ဆိုတာက သုံးတဲ့ပစ္စည်းပေါ် မူတည်ပါတယ်။
၁။ Primer
Skincare တွေကို အရင်သုံးပြီးနောက် မိတ်ကပ်မလိမ်းခင်မှာ primer ကို လိမ်းပေးရပါမယ်။ Primer ကို လိမ်းပေးခြင်းဟာ မျက်နှာအသားအရောင် မညီတာတွေကို ညှိပေးပါတယ်။ မျက်နှာအသားအရောင်ကိုလည်း လင်းလက်စေပါတယ်။ မိတ်ကပ်လိမ်းရတာ ပိုကောင်းသွားတယ်။ မျက်နှာတပြင်လုံးကို လိမ်းပေးဖို့လိုပါတယ်။
၂။ Concealer
Concealer ဆိုတာ မျက်နှာအသားအရေပေါ်က အနာအဆာတွေကို ဖုံးအုပ်ပေးနိုင်တဲ့ မိတ်ကပ် ဖြစ်ပါတယ်။ အသားအရောင်ကိုပိုလင်းသွားစေပါတယ်။ မျက်ကွင်းညိုတာတွေနဲ့ အမာရွတ်တွေပေါ်မှာ လိမ်းပေးရတာပါ။ အမာရွတ်တွေပေါ်မှာလိမ်းရင် တို့တို့ပြီး လိမ်းပေးရပါမယ်။ အရောင်အမျိုးမျိုးရှိတဲ့အနက် ကိုယ့်အသားအရောင်ထက် မဆိုစလောက်လေး ပိုလင်းတာကိုရွေးပါ။ ဒါမှမဟုတ် တစ်သားတည်းဖြစ်တဲ့အရောင်ကိုရွေးသင့်ပါတယ်။
၃။ Color Correction Kit
မျက်နှာပေါ်မှာ မတူညီတဲ့ ပြဿနာတွေ အမျိုးမျိုး ရှိနေတတ်ပါတယ်။ အနာအဆာအပြင်ကိုမှ သွေးကြောတွေ အရမ်းပေါ်နေတာမျိုးလိုပေါ့။ အနီဖုတွေ အနီပြင်တွေလည်းရှိတတ်တယ်။ ဒါမျိုးတွေဆိုရင် concealer တစ်မျိုးတည်းနဲ့ ဖုံးလို့မလွယ်ဘူး။ အရောင်အနုအရင့် အစုံပါတဲ့ color correction kit တစ်ခုတော့ လိုပါလိမ့်မယ်။
၄။ နှုတ်ခမ်းနီ
အသက်ကြီးလာတာနဲ့အမျှ နှုတ်ခမ်းသားလေးတွေကလည်း ပြောင်းလဲလာပြီလေ။ နှုတ်ခမ်းနီမဆိုးဘဲနဲ့ လှနေဖို့က ခက်လာတယ်။ မိတ်ကပ်လိမ်းပြီး နှုတ်ခမ်းနီမဆိုးဘူးဆိုရင်လည်း ဘယ်လိုမှ မလှဘူး။ Nude အရောင်လေးကိုတော့ မရှိမဖြစ် ဆောင်ထားသင့်ပါတယ်။
Source : Redbook