လူအမျိုးမျိုး စိတ်အထွေအထွေပါပဲ။ တချို့တွေက စကားပြောရင် အကြောတင်းသလောက် တချို့များကျတော့လည်း နည်းနည်းလေးပြောလိုက်တာနဲ့ စိတ်ထိခိုက်သွားပြီ။ စိတ်ဆိုးပြီး ဒေါသဖြစ်ရတာနဲ့ မျက်ရည်ပေါက်ပေါက်ကျရတတ်သူတွေကို တွေ့ဖူးမှာပါ။ သူတို့နဲ့ စကားပြောရမယ်ဆိုရင် ဒီစကားတွေ မပြောဘဲနေတာ အကောင်းဆုံးပါပဲ။
၁။ အားတင်းထား
နဂိုတည်းကမှ အသည်းငယ်တတ်တဲ့လူတွေပါ။ များသောအားဖြင့်တော့ အငိုလွယ်ကြပါတယ်။ ပင်ကိုယ်စိတ်အခံကိုက ဝမ်းနည်းနေတာမို့ အားတင်းထားပါတို့၊ တောင့်ထားတို့ ပြောလို့လည်း ထူးမလာပါဘူး။
၂။ ကြမ်းတမ်းတဲ့စကား
လူတွေက သူတို့အပေါ် ကောင်းကောင်းမွန်မွန်ဆက်ဆံတာပဲ မျှော်လင့်နေတတ်သူတွေပါ။ ကိုယ့်ဘက်က ရည်ရွယ်ချက်မပါဘဲ စကားကြမ်းကြမ်း ပြောလိုက်ရုံနဲ့ ဝမ်းနည်းတတ်ကြတာမျိုး။ "ကျေးဇူး" ဆိုတဲ့စကားကိုလည်း မကြာခဏ သုံးလေ့ရှိကြပါတယ်။
၃။ ကြောက်စရာကောင်းတဲ့ရုပ်ရှင်
ဒီတစ်ပတ် ရုံတင်မယ့် သရဲကားက အရမ်းကောင်းလို့ ခေါ်သွားပြီးပြမယ်ဆိုရင် အဲ့ဒီအကြံကို ဖျက်လိုက်ပါ။ များသောအားဖြင့် အသည်းငယ်တဲ့လူတွေဟာ သည်းထိတ်ရင်ဖိုနဲ့ ကြောက်လန့်စရာ ဇာတ်လမ်းတွေကို မကြည့်ရဲကြပါဘူး။ သရဲအကြောင်းတွေလည်း သွားပြောမနေနဲ့ဦး။
၄။ ဝေဖန်စကား
သူတို့ဆီက မကောင်းတဲ့အရာတစ်ခုခုကို ဝေဖန်သုံးသပ်ပြလိုက်ရင်လည်း လိုတာထက်ပိုပြီး အကြီးအကျယ်ကို ခံစားနေတတ်ကြတယ်။ တစ်ခုခု ပြောမယ်ဆိုရင် ချင့်ချင့်ချိန်ချိန်စဉ်းစားပြီးမှပြောတာ ပိုကောင်းတာပေါ့။ မဟုတ်ရင် ကိုယ့်စကားကြောင့် ငိုမဆုံး ဝမ်းနည်းမဆုံး ဖြစ်သွားနိုင်တယ်။