၁။ အလှကုန်ပစ္စည်း
မေမေကြိုက်တတ်တဲ့ ရေမွှေး၊ မိတ်ကပ် စတာတွေကို ဝယ်ပေးလို့ရတာပဲ။ ခုတလော မိတ်ကပ်စတိုးတွေမှာလည်း ဈေးချနေတယ်လို့ သတင်းတွေကြားပါတယ်။ လျှော့ဈေးလေးလည်းရတုန်း ပြေးဝယ်လိုက်ပါလား။ မိတ်ကပ်မလိမ်းတတ်တဲ့ မေမေတွေအတွက်တော့ အသားအရေကို ထိန်းသိမ်းပေးမယ့် skin care တွေ ဝယ်ပေးလိုက်ပါ။ Anti ageing ပါတဲ့ night cream လိုမျိုးပေါ့။
၂။ ဖက်ရှင်အသုံးအဆောင်
အဝတ်အစား၊ ပုဝါ၊ ဖိနပ်၊ လက်ကိုင်အိတ် စတဲ့ အသုံးအဆောင် လှလှလေးတွေကို မေမေ့စိတ်ကြိုက် လိုက်ဝယ်ပေးလို့လည်း ရသေးတယ်။ သားအမိနှစ်ယောက် ရှော့ပင်ထွက်တာပေါ့။
၃။ ကျန်းမာရေး
ကျန်းမာရေးကတော့ အရေးကြီးဆုံးမဟုတ်လား။ အမျိုးသမီးတွေဟာ အသက် ၄၀ ကျော်လာတာနဲ့ အရိုးပွရောဂါမဖြစ်အောင် နေထိုင်စားသောက်ဖို့ လိုအပ်ပါတယ်။ အဲ့ဒီအတွက် အားဆေးတွေ၊ အာဟာရဖြည့်စွက်စာတွေကိုလည်း ဝယ်ပေးပြီး ကျန်းမာခြင်းနဲ့ ကန်တော့မယ်ဆို မွန်မြတ်တဲ့ကုသိုလ်ဖြစ်ပါလိမ့်မယ်။
၅။ စိတ်ကြည်နူးစရာ
ပန်းစည်းလေးတွေ၊ ကိုယ်တိုင်ပြုလုပ်ထားတဲ့ ပို့စ်ကတ်လေးတွေက အမှတ်တရလည်းဖြစ်တယ်။ စိတ်လည်းကြည်နူးစရာ ကောင်းပါတယ်။ အမေ့ပုံလေးတွေကို စုပြီး အယ်လ်ဘမ်လှလှလေးထဲထည့်ပြီး ပေးတာဆိုရင်တော့ တကယ့်ကို အမှတ်တရပဲပေါ့။