အရင်တုန်းကတော့ ဒီရွာလေးဟာ စိတ်ဝင်စားစရာတစ်ခုမှမရှိတဲ့ နေရာလေးပေါ့။
 

မည်မည်ရရပြောပလောက်စရာမရှိတဲ့ ရွာငယ်လေးဟာ ရုတ်ခြည်းဆိုသလိုပဲ ခရီးသွားတွေ မျက်စိကျစရာ ဖြစ်သွားရပါပြီ။ အင်ဒိုနီးရှားနိုင်ငံ တောင်ပိုင်းမှာရှိတဲ့ သက်တံရောင်ရွာငယ်လေးဟာ သူ့ကိုယ်သူ လှလှပပ ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။

 

ဂျာဗားကျွန်းအလယ်ပိုင်း၊ Randusari ဒေသ၊ Kampung Pelangi (ကန်ပေါင်ပီလန်ဂီ)ကို ပြောင်းရွှေ့အခြေချကြတဲ့ လူတွေကို ဒေသအာဏာပိုင်တွေက သက်တံရွာလေးဖြစ်အောင် ဆေးသုတ်ပြင်ဆင်ဖို့ အင်ဒိုနီးရှားငွေ ရူပီရာ ၃၀၀,၀၀၀,၀၀၀ ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။ ရွာလေးကို ဆွဲဆောင်မှုတစ်ခုအနေနဲ့ ဖြစ်လာစေဖို့ ရည်ရွယ်ချက်နဲ့ ပြီးခဲ့တဲ့လကမှ ဘတ်ဂျက်ချပေးခဲ့တာပါ။ ဆေးသုတ်ပြီးချိန်မှာတော့ တကယ်ပဲ လူတွေကို ဆွဲဆောင်နိုင်တဲ့နေရာလေး ဖြစ်သွားပါတယ်။

 

ကမ္ဘာကျော်ခရီးသွားဝက်ဘ်ဆိုက် Lonely Planet ကလည်း ဒီရွာလေးကို သွားရောက်လေ့လာခဲ့ပါတယ်။ အိမ်လုံးရေ ၂၃၂ လုံးကို ဆေးရောင်စုံခြယ်သကာ သက်တံ့လိုဖြစ်အောင် ဖန်တီးထားတယ်လို့ ပြန်လည်ရေးသားထားပါတယ်။

 

အိမ်ခေါင်မိုးတွေသာမက နံရံတွေ၊ လမ်းတွေ၊ တံတားတွေမှာပါ သက်တံအသွင် ဆေးခြယ်ထားပြီး အလံလေးတွေပါ စီတန်းလွှင့်ထူထားပါသေးတယ်။ ခုဆို အင်ဒိုက သက်တံရွာငယ်လေးအကြောင်းဟာ တစ်စတစ်နဲ့ လူပြောများလို့နေပါပြီ။

Source & Photo : Daily Mail

Share

Loading Next Article...
က္က