ကိုကာကိုလာတို့၊ Sprite တို့လို သံဘူးနဲ့ထည့်ထားတဲ့ အအေးဘူးဟောင်းလေးတွေ အိမ်မှာရှိတယ်ဆိုရင် ပေါက်ပေါက်ဖောက်တဲ့စက်လေး လုပ်လို့ရပါပြီ။ စိတ်ဝင်စားလို့ ကိုယ်တိုင်လုပ်ချင်ရင်တော့ အအေးဘူးခွံနှစ်ခုပဲ လိုပါတယ်။ ဖြတ်တောက်ဖို့ သံဖြတ်ကပ်ကြေးတစ်လက်နဲ့ တူသေးသေးတစ်လက်လည်း လိုပါမယ်။
ပထမဆုံး သံဘူးတစ်ဘူးကို ဘေးဘက်မှာ ဆလင်ဒါပုံစံ ဖြတ်ပါမယ်။ လုံးဝပြတ်သွားအောင်ဖြတ်ဖို့ မလိုပါဘူး။ အပေါ်ဆုံးပိုင်းကိုတော့ လှီးမထုတ်ဘဲ အမိုးပုံစံလေးဖြစ်အောင် အပြင်ကို ကားထားလိုက်ပါ။ နောက်ထပ် သံဘူးတစ်ဘူးကတော့ လုပ်ရတာ နည်းနည်းလေး လက်ဝင်ပါလိမ့်မယ်။ ဒီဘူးရဲ့ ထိပ်ပိုင်းကို လှီးထုတ်လိုက်ပါ။ အနားတွေက လက်ကိုထိရင်ရှမှာစိုးလို့ အနားညီအောင်လည်း အချောသပ်ညှိပေးထားပါ။ ပြီးရင် ဘေးနှစ်ဘက်ကို U ပုံစံ လှီးထုတ်ပေးရပါမယ်။ ဘူးအောက်ခြေကို တူလေးနဲ့ထုပြီး ပြားအောင်လုပ်ပါဦး။ ဖြတ်ထားလို့ ထောင်နေတဲ့ သံပြားနှစ်ခုရဲ့ထိပ်ဘက်တွေကို ခေါက်လိုက်ပါ။
ပြင်ဆင်တဲ့အပိုင်းက ပြီးသွားပါပြီ။ တပ်ဆင်တဲ့အပိုင်းကတော့ ဒုတိယမြောက်ဘူးကို မီးဖိုအဖြစ်နဲ့သုံးမှာမို့ ညီအောင်ဖြန့်ထားတဲ့ ဘူးအောက်ခြေမှာ ဖယောင်းတိုင်ထွန်းပါ။ ထိပ်ကိုခေါက်ထားလို့ အဝကျဉ်းသွားတဲ့နေရာပေါ်မှာ ပထမဘူးကို တင်လိုက်ရင် ဘူးက ပူလာပါလိမ့်မယ်။ အပေါ်ကဘူးထဲကို ပြောင်းဖူးစေ့လေးတွေ ထည့်လိုက်တာနဲ့ ခနနေရင် ပေါက်ပေါက်တွေ ထွက်လာရော။ အမိုးလေးလို အပြင်ကိုထုတ်ထားတာလေးကြောင့် ပေါက်ပေါက်တွေက အဝေးကိုလွင့်မသွားနိုင်ပါဘူး။ ခွက်လေးနဲ့ အဝမှာ ခံထားလိုက်ရုံပဲလေ။
Source : Open Green Energy