ရှုံ့ချတာ၊ မကောင်းပြောတာတွေကို မြင်ရကြားခဲ့ရတာတွေကြောင့် စိတ်ထဲ စွဲနေတာမျိုးဖြစ်ပါတယ်။
 

မပျော်ရင် ဖြတ်လိုက်ပါ့လားလို့ မပြောပါနဲ့။ ဒီလောက်ဒုက္ခပေးနေတာ ဖြတ်လိုက်ပါတော့လားလို့ မပြောပါနဲ့။ ပြောရတာလွယ်ပေမယ့် တကယ်ကြုံနေရသူမှာ မဖြတ်နိုင်တဲ့အကြောင်းအရင်းများစွာ ရှိနေပါတယ်။ မပြောပေမယ့် ဆက်တွဲနေရတဲ့အကြောင်းအရင်းများစွာ ရှိပါတယ်။ အဖြစ်များဆုံး အကြောင်းအရင်းတွေကတော့ ဒီအချက်လေးတွေပါ။

၁ -  အထီးကျန်လို့

အထီးကျန်တဲ့ ဒဏ်ကို ခံစားဖူးပြီး ဒီလို ထပ်မခံစားချင်လို့ပါ။ တစ်ကိုယ်တည်းဖြစ်နေတာကို မခံနိုင်တာပါ။  တစ်ကိုယ်တည်း အထီးကျန်နေတာထက်စာရင် လက်တွဲလာတာကြာပြီဖြစ်တဲ့လူနဲ့ အတူရှိနေလိုက်တာက ပိုကောင်းမယ်လို့ ထင်လို့ပါ။ အထီးကျန်တယ်ဆိုတာ တစ်ကိုယ်တည်း ဖြစ်နေတာမျိုးတင်မဟုတ်ဘဲ လူတွေအများကြီးကြားထဲမှာ ကိုယ်အထီးကျန်နေတယ်ဆိုတဲ့ခံစားမှုမျိုးဟာ ပိုဆိုးပါတယ်။ ဒါမျိုးတွေကို ကြောက်လို့ပါ။

 

၂ - မိသားစုနဲ့ပတ်ဝန်းကျင်

မိသားစုနဲ့ ပတ်ဝန်းကျင်ကလည်း နှစ်ဦးသားဆက်ဆံရေးပေါ် သက်ရောက်မှုရှိပါတယ်။ တွဲတာကြာလာပြီဖြစ်သလို မိသားစုနဲ့ ပတ်ဝန်းကျင်က သူ့ကိုတော်တော်လေးရင်းနှီးနေပြီဖြစ်ပါတယ်။ နှစ်ဘက်အပေါင်းအသင်းတွေကို နှစ်ယောက်စလုံးကလည်း သိကျွမ်းခင်မင်နေပါပြီ။ ပြတ်သွားတဲ့အခါ ဒီပတ်ဝန်းကျင်နဲ့ မိသားစုရဲ့ တုံ့ပြန်မှုကို မခံနိုင်တာပါ။ ခံနိုင်တယ်ဆိုရင်တောင်မှ  ဖြစ်လာတဲ့ ပြသာနာတွေက ဒီလောက်ထိ ရင်းနှီးနေမှုကို မကျော်ဖြတ်နိုင်သေးတာပါ။

၃ - ရှုံးနိမ့်မှု

လမ်းခွဲရတာကို ရှုံးနိမ့်မှု တစ်ခုလို ခံစားရတာဖြစ်ပါတယ်။  ရှုံးနိမ့်သွားတယ်လို့ ခံစားရရုံတင်မကဘဲ အဆိုပါ ရှုံးနိမ့်မှုအတွက် ရှက်တယ်လို့ ခံစားရတာဖြစ်ပါတယ်။ ဒါဟာ စိတ်ပိုင်းဆိုင်ရာမျိုးနဲ့ ပိုဆက်နွယ်ပါတယ်။ တချို့လူတွေမှာတော့ နှစ်ဦးသားလက်တွဲမှုဟာ အကြောင်းမတိုက်ဆိုင်လို့ ပြီးဆုံးသွားတယ်လို့ပဲ ခံစားကြပါတယ်။ တချို့ကြတော့ ရှုံးနိမ့်ပြီး မာနတွေနဲ့ အတ္တတွေကိုပါ ထိခိုက်တယ်လို့ ထင်တာပါ။ သူနဲ့ပြတ်သွားပြီလို့ ပြောဖို့ကိုတောင် မရဲတာ ဖြစ်ပါတယ်။

 

၄ - ဆိုးပေမယ့် ကောင်းတာလည်းရှိ

ဒုက္ခတွေပေးတာကြောင့် မပျော်ပါဘူး။ ဒါပေမယ့် ပြန်ကြည့်လိုက်ရင် ပျော်ရတာတွေလည်း ရှိပါတယ်။ စီးပွားရေးလို အမြတ်အရှုံးတွက်တာမျိုး မဟုတ်ပေမယ့် တွက်ကြည့်လိုက်ရင် သိပ်မကွာဘဲ ရှိနေပါသေးတယ်။ အဆိုးတွေများပြီး ကောင်းကွက် ရှာမရသလောက်ဖြစ်နေတာမျိုးလည်း မဟုတ်သေးတာကြောင့်ပါ။

၅ - ငွေရေးကြေးရေး၊ စီးပွားရေး

နှစ်ဦးသားဆက်ဆံရေးမှာ ငွေရေးကြေးရေး ကူညီမှုတွေပါ ရှိနေတာပါ။ ဒါကြောင့် မပျော်ပေမယ့် ခွဲလို့မရသေးတာပါ။ နှစ်ဦးသဘောတူ စီးပွားရေးလုပ်တာမျိုးတွေလည်း ရှိနေနိုင်ပါသေးတယ်။

 

၆ - သင်ကြားခံရမှု

ကနဦး ဘဝမှာ သင်ကြားခံခဲ့ရတာမျိုးကြောင့် ဖြစ်ပါတယ်။ အထူးသဖြင့် မိသားစုက ဒီလိုအတွေးအခေါ်မျိုး ရှိတတ်ပါတယ်။ ချစ်သူရည်းစားထားတဲ့အခါ ဘယ်လိုအခြေအနေမျိုးမှာမှ လက်တွဲမဖြုတ်ရဘူးဆိုတာမျိုးပါ။  တစ်ယောက်ပြောင်းပြီး တစ်ယောက်ထားတာဟာ လုပ်သင့်တဲ့ ကိစ္စမဟုတ်ဘူးလို့ အလွန်အမင်း သင်ကြားခံရတာမျိုး ဖြစ်ပါတယ်။ မိသားစု အသိုင်းအဝိုင်းထဲမှာ တိုက်ရိုက်သင်ကြားခံရတာမျိုး မဟုတ်ဘဲ ဒီလိုလူမျိုးကို ရှုံ့ချတာ၊ မကောင်းပြောတာတွေကို မြင်ရကြားခဲ့ရတာတွေကြောင့် စိတ်ထဲ စွဲနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

Photos & Source: Elite Daily, Richard B. Joelson

Share

Loading Next Article...
က္က