ကိုယ်တိုင်ကလည်း gym သွားပြီး အားကစားလုပ်နေသူတွေ အသိဆုံးပါ။ ဘယ် gym ကိုပဲသွားသွား ဒီလိုလူမျိုးတွေကို တွေ့ရပါလိမ့်မယ်။ တချို့တွေကိုမြင်ရတာ ရယ်စရာကောင်းတယ်၊ တချို့ကတော့ ကြောက်စရာ၊ စိတ်ပျက်စရာ။
၁။ ဆယ်လ်ဖီတစ်လိုင်း
အားကစားလုပ်တာကနည်းနည်း အားနေရင် ဆယ်လ်ဖီတွေချည်း တစ်ပုံပြီးတစ်ပုံဆွဲနေတာ။ ဘယ်လိုတွေ ဖုထစ်လာပြီ၊ ကိတ်လာပြီဆိုတာကို ပြချင်နေကြတာလေ။
၂။ သံစုံမြည်တဲ့လူတွေ
အလေးမလည်း "အား၊ အီး၊ အူး၊ အင်း" နဲ့ အသံထွက်တယ်။ ပြေးလည်း အသံထွက်တယ်။ ဘာလုပ်လုုပ်ကို အသံထွက်နေတာ။ စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ နားကြပ်ကောင်းကောင်းလေးဆောင်ပြီး သီချင်းနားထောင်ရင်း ကိုယ်လုပ်စရာရှိတာလုပ်နေလိုက်မှ အဆင်ပြေပါလိမ့်မယ်။
၃။ ချွေးတရွှဲရွှဲသမား
အဲကွန်းက ဘယ်လောက်အေးအေး သူ့ကြည့်လိုက်တိုင်း ချွေးတွေကိုနစ်လို့။ ကြည့်တော့လည်း အရမ်းပင်ပင်ပန်းပန်း လုပ်ရတာမျိုးမဟုတ်ဘဲနဲ့။ အလိုလိုနေရင်းကို ချွေးတွေရွှဲနေတာ ရေချိုးထာားသလိုပဲ။ သူတို့ကစားသွားတဲ့ စက်ကိရိယာကို မကိုင်ခင်မှာ သေသေချာချာ သုတ်ဖို့တော့လိုပါမယ်။
၄။ သာလိကာများ
အဖွဲ့လိုက် လာကြတယ်။ အထူးသဖြင့် မိန်းကလေးတွေပေါ့။ လေ့ကျင့်ခန်းလုပ်ဖို့လာတာလား စကားစုပြောဖို့ လာသလား မသဲကွဲဘူး။ များလိုက်တဲ့စကားဆိုတာ တရစပ်ပဲ။
၅။ လေ့ကျင့်ခန်းကလွဲရင် ဘာမှမစိတ်မဝင်စားသူ
ပြုံးပြဖို့ နှုတ်ဆက်ဖို့တွေ စိတ်မဝင်စားဘူး။ ဘေးမှာ ဗုံးကြဲသွားတောင် သူလုပ်ရမယ့်အလုပ်ပဲ ကြိုးစားပမ်းစားလုပ်နေဦးမယ့်လူ။
၆။ တလွဲတွေ
သူ့ကိုမြင်ရင် ရယ်မိမှာ သေချာတယ်။ စက်ကိရိယာတွေကို သုံးချင်သလိုသုံးတယ်၊ ကိုယ်နေဟန်ထားတွေလည်း မမှန်ဘူး။ ဒါပေမဲ့ ဘယ်သူ့မှဂရုမစိုက်ဘူး သူ့အထင်နဲ့သူတော့ ဟုတ်နေရော။
၇။ ကာရာအိုကေချန်ပီယံ
နံပါတ် ၂ မှာ ဖော်ပြခဲ့တဲ့ သံစုံမြည်သူတွေကြောင့် သီချင်းလေးဖွင့်ပြီး ကိုယ်လုပ်စရာရှိတာလုပ်နေသူတွေ ရှိပါရဲ့။ တချို့ကျတော့ သီချင်းကို နားထောင်ရင်တင်မပြီးဘူး။ လိုက်ပါဆိုလိုက်သေးတယ်။ အခန်းတစ်ခုလုံး သူ့အသံချည်း။