၀င်ခွင့်စာမေးပွဲကို ဇွန်လ ၂ ရက်မှာ ဖြေဆိုရမှာဖြစ်ပါတယ်။
 

ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေး ပညာဌာနဟာ Diploma in International Relations သင်တန်းကို ဇွန်လ ၁၂ ရက်မှာ စတင်ဖွင့်မယ်လို့ သိရပါတယ်။



သင်တန်းတက်ရောက်သူတွေဟာ Diploma in International Relations (DIR) အောင်လက်မှတ် ရရှိမှာဖြစ်ပြီး တက္ကသိုလ် တစ်ခုခုမှဘွဲ့ရရှိထားသူတွေ  တက်ရောက်လို့ ရတာဖြစ်ပါတယ်။ သင်တန်းလျှောက်ထား လိုသူတွေဟာ မေလ ၂၂ ရက်ကနေ မေလ ၃၁ ရက်ထိ လျှောက်လွှာတွေ ဝယ်ယူနိုင်မှာဖြစ်ပြီး မေလ ၃၁ ရက်နောက်ဆုံးထား လျှောက်ထားရမှာ ဖြစ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့သတင်း -အမေရိကန်မှာ ကျောင်းသွားတက်လိုသူတွေအတွက် ဆွေးနွေးပွဲ ကျင်းပမယ် )

 

ဝင်ခွင့်စာမေးပွဲကို ဇွန်လ ၂ ရက်မှာ ဖြေဆိုရမှာဖြစ်ပြီး သင်တန်းကာလ ၉ လ ကြာမြင့်မယ်လို့ သိရပါတယ်။ လျှောက်လွှာတွေကို ရန်ကုန်တက္ကသိုလ် ဝေသာလီဆောင်ရှိ နိုင်ငံတကာဆက်ဆံရေး ပညာဌာနမှာ လက်ခံသွားမှာဖြစ်ပြီး အသေးစိတ်သိရှိလိုပါက ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေး ပညာဌာနမှာ စုံစမ်းမေးမြန်းနိုင်ပါတယ်။

Photos & Source: Internet Journal, Global New Light Of Myanmar


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က