ဂင်းနစ်ကမ္ဘာ့မှတ်တမ်းတင်အဖွဲ့က အသိအမှတ်ပြုထားတာပါ။
 

DJ (Disc Jockey) သမားတွေထဲမှာ ဝါသနာနဲ့ဝါအလိုက် အသက်အရွယ် အမျိုးမျိုးရှိကြပါလိမ့်မယ်။ ဒါပေမဲ့ ကလပ်မှာတီးတဲ့ DJ သမားတွေထဲမှာတော့ Itsuki Morita (အီဆုကီမိုရိတ)က အသက်အငယ်ဆုံးပါပဲ။

 

အီဆုကီဆိုတာ ခုမှ မူလတန်းတက်ရုံသာရှိသေးတဲ့ ဂျပန်ကလေးငယ်တစ်ဦးပါ။ အသက် ၆ နှစ်ကျော်အရွယ် အီဆုကီကို ကမ္ဘာ့အသက်ငယ်ဆုံး ကလပ် DJ သမား (World's Youngest club DJ) အဖြစ် ဂင်းနစ်ကမ္ဘာ့မှတ်တမ်းတင်အဖွဲ့က အသိအမှတ်ပြုလိုက်ပါတယ်။

 

ဂျပန်နိုင်ငံ အိုဆာကာမြို့က L စားသောက်ဆိုင်နဲ့ဘားမှာ တစ်နာရီကြာ DJ တီးပြပြီးနောက် ယခုလို ဂင်းနစ်စံချိန်ရသွားတာ ဖြစ်ပါတယ်။ Pioneer XDJ AERO ကို အသုံးပြုပြီး လူအုပ်ကြီးရဲ့ရှေ့မှာ သီချင်းတွေကို တီးပြသွားခဲ့တာပါ။

 

အီဆုကီလေးဟာ ဒရမ်ကို အရင်တီးတတ်ခဲ့သူပါ။ သူက ဒစ္စကိုနဲ့ ရော့ခ်ဂီတကိုရောစပ်ထားတာကိုကြိုက်တယ်လို့ပြောတယ်။ ဘာကြောင့် DJ သမား ဖြစ်ချင်ရတာလဲလို့မေးတော့ DJ တီးနေတဲ့အခါ လူတွေက ပျော်နေတယ်လို့ထင်ရတာကြောင့်ပါတဲ့။

Source : GWR

 

Share

Loading Next Article...
က္က