ကိုယ့်ချစ်သူက တခြားယောက်ျားတစ်ယောက်နဲ့ အတူရှိနေရင်ကို အူတိုဒေါပွနေတာ။ ဒါပေမဲ့ ဘယ်တော့မှ ဝန်မခံဘူး။

ပြောလိုက်ရင်တော့ မိန်းမတွေက နားလည်ရခက်တယ်ဆိုတာချည်းပဲ။ ဒါပေမဲ့ ယောက်ျားတွေကရော နားလည်ရလွယ်တဲ့ အမျိုးအစားလို့ ပြန်မေးလိုက်ချင်တယ်။ ယောက်ျားတွေမှာလည်း မိန်းမတွေခန့်မှန်းလို့ မရနိုင်တဲ့ လျှို့ဝှက်ချက်တွေ အများကြီးရှိပါတယ်။ အထူးသဖြင့်တော့ ဒီအချက်တွေ ရှိနေတတ်ကြတယ်။

 

၁။ ယုံကြည်မှုရှိတဲ့မိန်းမတွေ

ယောက်ျားအများစု ပြောတာကတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့ ရဲရင့်တဲ့မိန်းကလေးတွေကို ကြိုက်တယ်လို့ဆိုတယ်။ ပြောတိုင်းယုံဖို့ကတော့ ခက်တယ်။ ဒါပေမဲ့လည်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့ မိန်းကလေးတစ်ယောက်ဟာ ဆန့်ကျင်ဘက်လိင်ကို အနည်းနဲ့အများ ဆိုသလိုတော့ ဆွဲဆောင်မှုရှိပါတယ်။ ဒါပေမဲ့ အမြဲတမ်းချစ်နေဖို့ကတော့ သိပ်ပြီးအာမခံနိုင်တာမဟုတ်ဘူး။

၂။ ဘယ်လိုပုံစံလေးမှ

ဆံပင်ရှည်လို့၊ မြန်မာဆန်လို့ ချစ်တာပါလို့ ပြောလာရင် မျက်စိမှိတ်ပြီးယုံမယ်မကြံလိုက်ပါနဲ့။ တကယ်ချစ်လာရင် ဘယ်လိုနေနေ ဘာဝတ်ဝတ်ချစ်နေမှာပဲ။ သူတို့မျက်စိပေါ်မှာပဲ မူတည်တယ်။

၃။ ဒါမလုပ်တတ်ဘူး

ကိုယ့်ချစ်သူရှေ့မှာ အရမ်းကို တော်ပြ တတ်ပြ ခွန်အားရှိပြချင်သူတွေပါ။ တစ်ခုခုကို မသိဘူး၊ မတတ်ဘူးလို့ ဝန်ခံဖို့အရေး ဝန်လေးကြပါတယ်။ မတတ်ရင်တောင်မှ တတ်ယောင်ကား လုပ်ပြချင်ကြတာမျိုး။

 

၄။ သဝန်တိုတာ

သဘောထားကြီးပြချင်တာလည်း သူတို့ပဲ။ စိတ်ထဲကနေ မကျေမနပ် ဖြစ်နေတာလည်း သူတို့ပါပဲ။ ခံစားနေရတာတွေကို ထုတ်မပြဘူးလေ။ ကိုယ့်ချစ်သူက တခြားယောက်ျားတစ်ယောက်နဲ့ အတူရှိနေရင်ကို အူတိုဒေါပွနေတာ။ ဒါပေမဲ့ ဘယ်တော့မှ ဝန်မခံဘူး။

၅။ ချီးကျူးခံချင်တယ်

မိန်းကလေးတွေပဲ အမြှောက်ကြိုက်တာမဟုတ်ပါဘူး။ ယောက်ျားတွေဆိုတာလည်း ချီးကျူးခံချင်သူတွေဖြစ်ပြီး မြှောက်ပင့်ပြောစကားတွေမှာ သာယာတတ်သူတွေပါ။ ယုတ္တိဆန်တဲ့ ချီးကျူးစကားတွေပြောပေးတာကို နှစ်သက်တယ်ဆိုတာ သူ့မျက်နှာကိုကြည့်ရင် သိနိုင်ပါတယ်။ ပါးစပ်ကတော့ ထုတ်မပြောပေမဲ့ သူဒီနေ့သပ်သပ်ရပ်ရပ် ဝတ်လာတယ်ဆိုတာတော့ သင်ကအသိအမှတ်ပြုတာ ခံချင်နေသူပါ။

၆။ မိန်းကလေးတွေလိုဇိမ်ခံတယ်

တီဗီကြည့်ရင်း မုန့်စားမယ်၊ သီချင်းနားထောင်ရင်း စာအုပ်ဖတ်မယ်၊ ရေကိုစိမ်ချိုးမယ်၊ စတာတွေကိုလည်း နှစ်သက်ကြပါတယ်။ တစ်ခါတစ်လေဆို မိန်းကလေးတွေကြိုက်တဲ့ ဇာတ်လမ်းတွေကိုလည်း သူတို့ကကြိုက်တတ်ပါသေးတယ်။ စိတ်ပြေလျော့အောင် အပျော်သဘော ကြည့်ကြတာပါ။

 

၇။ ကြောက်တယ်

ယောက်ျားလည်းလူပဲ ဘာသားနဲ့ထုထားတာမှတ်လို့။ သရဲကြောက်တာ၊ အင်းဆက်တွေကိုကြောက်တာ စတဲ့ ကြောက်စိတ်တွေ ရှိတတ်ပါတယ်။

Source : Bright Side

Share

Loading Next Article...
က္က