ကလိုရင်းနံ့ခပ်ပြင်းပြင်းရနေတာကို ရေတွေသန့်နေတယ်လို့ ယူဆလို့မရပါဘူး၊
 

ရေကူးကန်မှာ ရေကူးပြီးတိုင်း အပေါ်ကိုပြန်တက်လာရင် မျက်စိနီနေတာမျိုး မကြာခဏကြုံရလေ့ရှိတယ်။ ရေကူးမျက်မှန်ကိုတပ်ပြီး ကူးသင့်တာပေါ့။ မျက်မှန်မပါဘဲ ရေကူးပြီးရင် မျက်စိက အမြဲတမ်းလိုလို နီနေတယ်။ ရေကူးကန်ထဲမှာ ပိုးသတ်ဆေးအဖြစ်ခပ်ထားတဲ့ ကလိုရင်းကြောင့် မျက်စိနီရတယ်လို့ ထင်မိရင် မှားသွားပါလိမ့်မယ်။ တရားခံအစစ်က ကလိုရင်းမဟုတ်ပါဘူး။ ရေကူးကန်ထဲမှာ ပေါက်သွားတဲ့ ရှုရှုး (ဆီး)ကြောင့်သာ ဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

 

အမေရိကန်ပြည်ထောင်စု၊ ရောဂါထိန်းချုပ်ရေးနဲ့ကာကွယ်ရေးစင်တာ (CDC)ရဲ့ ပညာရှင်တွေက ရေကူးကန်မှာရေကူးပြီးတိုင်း မျက်စိနီခြင်းဟာ ရေကူးကန်ထဲမှာရှိနေတဲ့ ဆီးနဲ့ ချွေးတွေဟာ ကလိုရင်းနဲ့ထိတွေ့ရာကနေ မျက်စိကို နီရဲကျိန်းစပ်စေတာ ဖြစ်ကြောင်း ဆိုလိုက်ပါတယ်။ ကလိုရင်းတစ်မျိုးတည်းကြောင့် မျက်စိနီတာမဟုတ်ဘဲ ဆီးနဲ့ချွေးတို့နဲ့ ပေါင်းစပ်သွားလို့သာ ဖြစ်ရတာပါ။ အထူးသဖြင့် လေထုသန့်စင်မှုအားနည်းတဲ့ မိုးလုံလေလုံ ရေကူးကန်တွေမှာဆို မျက်စိနီတာ ပိုပြီးဖြစ်နိုင်ပါတယ်။ အကြောင်းကတော့ ကလိုရင်း၊ ချွေး၊ ဆီးတို့ ပေါင်းစပ်မှုဟာ လေထုသန့်စင်မှုအားနည်းတဲ့အခါ ပိုဆိုးသွားလို့ပါပဲ။

 

ရေကူးကန်တစ်ခုဟာ ကလိုရင်းနံ့ခပ်ပြင်းပြင်းရနေတာကို ရေတွေသန့်နေတယ်လို့ ယူဆလို့မရပါဘူး။ ရေထဲက ဘက်တီးရီးယားတွေကြောင့်သာ အနံ့ကပြင်းလာရတာပါ။ ကလိုရင်းနံ့ပြင်းနေရင် ကျန်းမာရေးအတွက် သင့်လျော်တဲ့ရေကူးကန်မဟုတ်ပါဘူး။ လေထုသန့်စင်မှုကောင်းတဲ့ ရေကူးကန်တွေမှာ ကူးတာက အကောင်းဆုံးဖြစ်ပါတယ်။

Source : Telegraph

Share

Loading Next Article...
က္က