ကလေးတွေကို ပျော်ခွင့်ပေးလိုက်ပါ ကိုငြိမ်းမောင်ရယ်....

စိတ်ပညာရှင်တွေကတော့ ကန့်သတ်ချက်တွေထားရှိခြင်းဟာ ကလေးတစ်ဦးကို လုံခြုံစိတ်ချမှုနဲ့ စိတ်တည်ငြိမ်မှုကို ခံစားရစေတယ်လို့ ထင်မြင်ကြပါတယ်။ ချုပ်တီးမှုတိုင်းကတော့ ကောင်းတာမဟုတ်ပါဘူး။ ကလေးရဲ့ ဖွံ့ဖြိုးမှုကို နှေးကွေးသွားစေတဲ့ သက်ရောက်မှုလည်း ရှိနေပြန်ပါတယ်။ တကယ်လို့ ကလေးက ဒါတွေလုပ်နေတာမြင်ရင် အသာလေးပဲ စောင့်ကြည့်လိုက်ပါ။

 

၁။ မေးခွန်းတွေ

ကလေးတွေက စူးစမ်းလိုစိတ်နဲ့ မေးခွန်းတွေမေးလာရင် ငြင်းမလွှတ်ပါနဲ့။ သူတို့က အရာရာကို သင်ယူနေတဲ့အရွယ်ပါ။ ကိုယ့်ဘက်က မဖြေနိုင်ဘူးဆိုရင်တောင်မှ အဖြေကို ကလေးနဲ့အတူစဉ်းစားပေးမယ်ဆို သံယောဇဉ်လည်းပိုတိုးပွားလာပြီး ကလေးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေပါတယ်။

၂။ ငိုတာ

ကလေးပိစိလေးတွေက အရွယ်ရောက်ပြီးသူတွေနဲ့ယှဉ်ရင် အရာရာကိုပိုခံစားတတ်ကြတယ်။ သူတို့ငိုကြွေးနေတာကို အတင်းအကြပ် ဖိအားပေးမတားမြစ်သင့်ပါဘူး။ ဒါပေမဲ့ သူတို့ဘာကြောင့်ငိုရတယ်ဆိုတာ သူတို့ကိုယ်တိုင် နားလည်လာဖို့နဲ့ ဖြေရှင်းဖို့ကိုသိအောင် ကူညီပေးလိုက်ပါ။

 

၃။ လောဘ

ကလေးတွေက လိုချင်စိတ်လည်း များကြတယ်။ လောဘကြီးတယ်။ ပစ္စည်းတစ်ခုခုဆိုလည်း သူများဟာကိုမှ လိုချင်တယ်။ ဒါကို အပြစ်ပြောလို့တော့မရဘူး။ ဘယ်လိုမျိုး မျှဝေသုံးစွဲရမယ်ဆိုတာကိုတော့ ပြောပြပါ။

၄။ ငြင်းဆိုခွင့်

ကလေးတွေမှာလည်း ငြင်းပယ်ခွင့် ရှိဖို့လိုတယ်။ သူတို့မလိုချင်၊ မလုပ်ချင်တာကို မလုပ်ချင်ဘူးလို့ ပြောတာကို နားလည်ပေးပါ။ ဒါပေမဲ့ လုံးဝကြီးငြင်းပယ်ဖို့ မသင့်ကြောင်းကို ရှင်းပြနိုင်ရပါမယ်။ တစ်ခါတစ်ရံမှာ မလုပ်ချင်တာတွေကိုလည်း လုပ်ဖို့လိုအပ်တယ်ဆိုတာ သိသွားပါစေ။

 

၅။ ဆူညံခြင်း

ကလေးတွေ ဆော့ကစားတဲ့အခါ ဆူညံနေတာပဲလို့ အပြစ်မပြောလိုက်ပါနဲ့။ ကလေးပီပီ ဆော့ကစားခွင့်၊ ဆူညံခွင့် ပေးသင့်တယ်လေ။ ကလေးအရွယ်မှာ ကလေးသဘာဝ ဆူညံခွင့်၊ ဆော့ကစားခွင့်တွေ ပေးလိုက်ပါလား ကိုငြိမ်းမောင်ရယ်။

၆။ ကြောက်လန့်ခြင်း

ကလေးတွေဟာ ဆရာဝန်ကိုကြောက်တယ်၊ လူစိမ်းတွေကိုကြောက်တယ်။ ဒါပြဿနာမဟုတ်ပါဘူး။ သူတို့ကြောက်တတ်တာကို အပြစ်တင်မယ့်အစား ဘာကြောင့်မကြောက်သင့်ကြောင့် နားလည်အောင်ပြောပြပါ။

 

၇။ လျှို့ဝှက်ချက်

ကလေးတွေဟာ အရွယ်ရောက်လာတာနဲ့အမျှ လျှို့ဝှက်ချက်တွေရှိလာတယ်။ သူတို့ဘာတွေဖြစ်နေလဲ ဘာတွေလုပ်နေလဲဆိုတာ ကိုယ်က သိထားဖို့လိုပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ လျှို့ဝှက်ချက်တွေကိုတော့ မကျူးကျော်သင့်ဘူး။ ကလေးရဲ့ယုံကြည်မှုကို ရအောင်လုပ်ပါ။ ကိုယ့်ကို ပြောပြလိုက်လို့ ဘာမှမဖြစ်ဘူးဆိုတဲ့ ခံစားချက်မျိုးရသွားရင် သူတို့ကိုယ်တိုင် ဖွင့်ပြောလာပါလိမ့်မယ်။

၈။ မနာလိုဒေါသဖြစ်မှု

ကလေးလည်းလူပဲ။ မကောင်းတဲ့ခံစားချက်တွေရှိတတ်တယ်။ သူတို့ရဲ့စိတ်က မကြံ့ခိုင်သေးဘူးဆိုတော့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ မသိကြသေးဘူး။ အဲ့လိုတွေဖြစ်လာတာကိုမှ ကိုယ်က အကောင်း၊အဆိုး အကြောင်းအကျိုးနဲ့ ရှင်းပြနိုင်ရမယ်။

 

၉။ အမှားလုပ်ခွင့်

ဘယ်သူကမှတော့ အမှားတွေလုပ်နေရတာ မကြိုက်ဘူးပေါ့။ သူတို့ဘာသာလုပ်လို့ မှားသွားမှာစိုးတာနဲ့ ကိုယ်က အစအဆုံးလိုက်လုပ်ပေးနေလို့လည်း မဖြစ်သေးဘူး။ ကလေးတွေအနေနဲ့ တစ်ခုခုကို ကြိုးစားကြည့််လို့ မှားသွားရင် မဆူပါနဲ့။ သူတို့ကိုယ်တိုင် လုပ်ကြည့်ပါစေ၊ အမှားတွေကနေ သင်ခန်းစာရသွားစေဖို့နဲ့ အမှန်က ဘယ်လိုဆိုတာ သိသွားပါလိမ့်မယ်။

Source : Bright Side

Share

Loading Next Article...
က္က