ဘာပဲလုပ်လုပ် ပျော်မှလုပ်တာအကောင်းဆုံးပါ။ 
 

ဘာပဲလုပ်လုပ် ပျော်မှလုပ်တာအကောင်းဆုံးပါ။  စာကျက်တဲ့အခါ၊ စာလုပ်တဲ့အခါမှာလည်း အပျော်နဲ့ လုပ်ရတော့ စာတွေက ရလွယ်ပါတယ်။ ပိုမှတ်မိလွယ်ပါတယ်။ စာလုပ်တဲ့အခါ ဒီအချက်လေးတွေ သိထားသင့်ပါတယ်။

၁ - ကိုယ့်ကိုယ်ကိုယ်ကျေးဇူးတင်

နေ့စဉ်စာကျက်တဲ့အခါ ရေတို ပန်းတိုင်လေးတွေ ချပါ။ ဥပမာ - ဒီနေ့ သုံးပုဒ်ပြီးအောင်ကျက်မယ်လို့ သတ်မှတ်လိုက်တာမျိုး ဖြစ်ပါတယ်။ ဒီလိုသတ်မှတ်ရုံနဲ့လည်း မရသေးပါဘူး။ သုံးပုဒ်တကယ်ကျက်ပြီးသွားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်တဲ့အနေနဲ့ ပြန်ဆုချရမှာလည်း ဖြစ်ပါတယ်။ ကိုယ်ဆော့ချင်တဲ့ ဂိမ်းကိုဆော့တာ၊ ဖုန်းခေါ်ချင်နေတဲ့ သူငယ်ချင်းဆီဖုန်းခေါ်လိုက်တာမျိုး ဖြစ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့သတင်း - တရုတ်နိုင်ငံမှာ ဆေးပညာတက္ကသိုလ် တက်ရောက်လိုသူတွေအတွက် ဆွေးနွေးပွဲ)

 

၂ - ဘာကြောင့်လဲ

ဘာကြောင့် သင်လေ့လာနေရတာလဲဆိုတာ သိဖို့လိုပါတယ်။ ဘာကြောင့် ဒါကို အောင်မြင်တတ်ကျွမ်းချင်တာလဲဆိုတာကို သိဖို့လိုပါတယ်။ ဘာကြောင့် လေ့လာနေမှန်းမသိဘဲ လေ့လာနေရသရွေ့ စာလုပ်ရတာ ပျော်မှာ မဟုတ်ပါဘူး။ စိတ်တွေပြန့်လွှင့်ပြီး လမ်းတွေချော်ဖို့ ပိုလွယ်ကူနေပါတယ်။

၃ - ပြင်ဆင်မှု

လေ့လာတဲ့အခါမှာ အကောင်းဘက်တွေးဖို့လိုပါတယ်။ သင့်လေ့လာနိုင်စွမ်းအပေါ် အကောင်းမြင်ထားဖို့ လိုပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ စာလုပ်ဖို့ကို ဆင်ခြေတွေပေးနေပါလိမ့်မယ်။ ရာသီဥတုပူလို့၊ ပတ်ဝန်းကျင်ဆူညံလို့ကစပြီး စာမလုပ်ချင်တဲ့ အကြောင်းပြချက်များစွာ ပေးနေပါလိမ့်မယ်။

 

၄ - အပေါင်းအသင်း

သင်က စာကြိုးစားတဲ့လူဆိုရင် စာကြိုးစားတဲ့အပေါင်းအသင်းရှိဖို့ လိုပါတယ်။ သင်ကနယ်ပယ်တစ်ခုကိုလေ့လာနေတဲ့သူဆိုရင် သင့်လိုပဲ အဆိုပါနယ်ပယ်ကိုလေ့လာနေတဲ့လူ လိုပါတယ်။ ဒါမှ လေ့လာမှုတွေအကြောင်း အပြန်အလှန်ပြောကြရင်း ဆက်လက်လေ့လာချင်စိတ်ရှိလာပါတယ်။ ကိုယ့်ဘက်က လေ့လာချင်စိတ်လျော့ကျနေတဲ့အချိန်မှာတောင် သူတို့နဲ့တွေ့လိုက်တဲ့အခါ ပြန်ကြိုးစားချင်စိတ်ပေါက်လာပါတယ်။

၅ - ဟန်ချက်

လေ့လာမှုဟာ ဟန်ချက်ညီဖို့ လိုပါတယ်။ အားတက်နေတဲ့အချိန်မှာ အားတက်သရောလုပ်ပြီး စိတ်မပါတဲ့အချိန်ဆို လုံးဝလှည့်မကြည့်ဘူးဆိုတဲ့အကျင့်က ရေရှည်မှာ အဆင်မပြေပါဘူး။ နေ့စဉ်ပုံမှန်အချိန်တစ်ခု သတ်မှတ်သင့်ပါတယ်။ ၇ နာရီကနေ ၉ နာရီထိ လေ့လာမယ်ဆို နေ့စဉ်ဒီအချိန်မှာပဲ စိတ်ပါပါ၊မပါပါ လေ့လာတာမျိုးက ရေရှည်မှာအကျင့်ဖြစ်ပြီး သက်သောင့်သက်လာလည်း ပိုရှိပါတယ်။

Photos & Source: OEDb

Share

Loading Next Article...
က္က