ရေချိုးပြီးတိုင်း အသုံးပြုတဲ့ မျက်နှာသုတ်ပုဝါ (တဘက်)တွေကို မကြာခဏလျှော်ဖြစ်နေလား? ဒါမှမဟုတ် အချိန်ကြာကြာ အသုံးပြုပြီးမှ လျှော်ဖြစ်နေသလား? တဘက်တွေကို သန့်ရှင်းနေအောင် ထိန်းသိမ်းတတ်မယ်ဆိုရင်တော့ မကြာခဏလျှော်ဖို့ မလိုပါဘူး။
တဘက်တွေဟာ သုံးကြိမ် (သို့မဟုတ်) လေးကြိမ် အသုံးပြုပြီးတိုင်း လျှော်ဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ခန္ဓာကိုယ်က ဆဲလ်သေတွေဟာ တဘက်မှာ ကပ်ငြိနေလို့ပါပဲ။ ဆဲလ်သေတွေကပ်ငြိရာကနေ ဘက်တီးရီးယားတွေ ပေါက်ပွားလာပါတယ်။ အနံ့တွေထွက်လာပြီ ဆိုရင် တဘက်မှာ ဘက်တီးရီးယားတွေ များလာနေပြီဆိုတာ သတိပေးနေတာဖြစ်ပါတယ်။ အထူးသဖြင့် လေ့ကျင့်ခန်းလုပ်ပြီးလို့ ချွေးသုတ်ထားတဲ့ တဘက်တွေကိုတော့ သုံးပြီးတိုင်း လျှော်ရမှာပါ။
တဘက်တွေကိုလျှော်မယ်ဆိုရင် ရေနွေးနဲ့လျှော်သင့်ပါတယ်။ အထူးသဖြင့် အပူချိန် ၆၀ ဒီဂရီဆဲလ်စီးယပ်လောက် ရှိနေတဲ့ရေနဲ့ လျှော်ရပါမယ်။ မလျှော်ခင် တဘက်မှာရေးထားတဲ့ အညွှန်းတွေကိုအရင်ဖတ်ဖို့တော့ လိုတာပေါ့။ အရောင်ဖျော့/အဖြူရောင် တဘက်တွေအတွက် ဦးစားပေးထုတ်ထားတဲ့ ဆပ်ပြာမှုန့်တွေ ရှိပါတယ်။ ချည်သားတွေကို ပျော့ပျောင်းစေတဲ့အရည် (softener) ကိုတော့ တစ်ခါတစ်လေမှသုံးပါ။ တဘက်ရဲ့ရေစုပ်နိုင်အားကို လျော့စေလို့ တစ်ခါတစ်လေမှ သုံးတာကောင်းပါတယ်။
Source : GHK